images
UN
UN
အာဆီယံနိုင်ငံများ အလေးပေးကိုင်တွယ်ဖြေရှင်းရန် လိုအပ်လာသော စွန့်ပစ်ပလတ်စတစ်အမှိုက်ပြဿနာများ
ပြည့်ဖြိုးနိုင် Thursday, 11 July 2019

(ယမန်နေ့မှအဆက်)
အရှေ့တောင်အာရှနိုင်ငံများသည် အမှိုက်အသွင်ဖြစ်နေသည့် စွန့်ပစ်ပစ္စည်း များနှင့် ပလတ်စတစ်များအား ဒေသ တွင်းသို့ အလုံးအရင်းဖြင့် ရောက်ရှိလျက် ရှိသော်လည်း အဆိုပါပစ္စည်းများကြောင့် ဖြစ်ပေါ်လာမည့်ဆိုးကျိုးများအား ကိုင် တွယ်ဖြေရှင်းရန်အတွက် လုံလောက်သော ပြင်ဆင်မှုမျိုး ပြုလုပ်ထားခြင်းမရှိပေ။ နိုင်ငံအချို့တွင် ပလတ်စတစ်တင်သွင်းမှု နှင့် အမှိုက်အဖြစ်သို့ ရောက်ရှိနေပြီဟု သတ်မှတ်ရမည့် စွန့်ပစ်ပစ္စည်းများအား တင်သွင်းမှု ပြုလုပ်ခြင်းကို ပိတ်ပင်ခြင်း နှင့် တားမြစ်ကန့်သတ်ခြင်းများ ပြုလုပ် နေပြီဖြစ်သော်လည်း ဒေသတွင်းတစ်ခု လုံး၌ ထိထိရောက်ရောက်လုပ်ဆောင်ရန် လိုအပ်မှုနှင့်နှိုင်းယှဉ်ကြည့်မည်ဆိုပါက အလျင်အမြန်လုပ်ဆောင်ရမည့်အရာများစွာ ကျန်ရှိနေသည်ဟု ဆိုရမည်ဖြစ်သည်။
အရှေ့တောင်အာရှနိုင်ငံများတွင် စွန့် ပစ်ပစ္စည်းများနှင့်အမှိုက်များအား ဖျက် ဆီးမှုများပြုလုပ်ရာတွင် လိုအပ်ချက်များ စွာ ရှိနေဆဲဖြစ်သည်။ ထို့ပြင် စီမံခန့်ခွဲ မှုပိုင်း၌ အားနည်းချက်များရှိနေခြင်း ကြောင့် ပလတ်စတစ်များ အလွန်အကျွံ စုပုံလာသည့်အခြေအနေသို့ ရောက်ရှိနိုင် သော အလားအလာများလည်း ရှိနေ သည်။ စွန့်ပစ်ပလတ်စတစ်များ အလွန် အကျွံစုပုံလာမည်ဆိုပါက ကိုင်တွယ်ဖြေ ရှင်းရန် ခက်ခဲသည့်အကျိုးဆက်များပါ ပေါ်ထွက်လာမည်ဖြစ်သည်။ ၂ဝ၁၈ ခုနှစ် အတွင်း၌ ထိုင်းနိုင်ငံတွင် ဖျက်ဆီးခဲ့ရ သည့် အလတ်စတစ်တန်ချိန် ၂၇ ဒသမ ၈သန်းရှိခဲ့သည်။ ဖျက်ဆီးမှုပြုလုပ်ခဲ့သည့် ပလတ်စတစ်အမှိုက်များထဲတွင် ပုံမှန် နည်းလမ်းများဖြင့် ဖျက်ဆီးရန် မလွယ် ကူသော ပလတ်စတစ်အမှိုက်ပမာဏမှာ ၂၇ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ ပုံမှန် နည်းလမ်းဖြင့် ဖျက်ဆီးရန် မလွယ်ကူ သော ပလတ်စတစ်များအား ဖျက်ဆီးမှု ပြုလုပ်ရာ၌ ရင်ဆိုင်ရမည့်ဆိုးကျိုးများစွာ ရှိမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် အား ထိခိုက်ပျက်စီးစေခြင်းအပါအဝင် အခြားဆိုးကျိုးများနှင့် ရင်ဆိုင်ရမည်ဖြစ် ၍ ထိုကဲ့သို့သော ပလတ်စတစ်အမှိုက် များကို ဖျက်ဆီးရသည့်ပမာဏ ကြီးမား လာမည်ဆိုပါက အနာဂတ်တွင် လေထု ညစ်ညမ်းခြင်း၊ ရေထုညစ်ညမ်းခြင်းများ အပါအဝင် လူသားများ၏ ရှင်သန်ရပ် တည်မှုကိုပါ ခြိမ်းခြောက်လာမည့်အကျိုး ဆက်များ ကြီးထွားလာမည်ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံအတွင်း၌လည်း အလွယ်တကူဖျက်ဆီးနိုင်ခြင်းမရှိသော ပလတ်စတစ်များကို နေရာများသတ်မှတ် ကာ စွန့်ပစ်ထားရသည့်နယ်မြေများတိုး ပွားလာလျက်ရှိသည်။ အင်ဒိုနီးရှားနိုင်ငံ အတွင်း၌ ထိုကဲ့သို့သောနေရာများ အရှိန် အဟုန်ဖြင့် တိုးပွားလာလျက်ရှိကာ အင် ဒိုနီးရှားနိုင်ငံကုန်းမြေအကျယ်အဝန်း၏ ထက်ဝက်နီးပါးအနေအထားသို့ ရောက် ရှိလာရန် နီးစပ်လျက်ရှိသည်။ အလွယ် တကူဆွေးမြေ့ခြင်းမရှိသည့်အပြင် ပုံမှန် နည်းလမ်းများဖြင့် ဖျက်ဆီး၍မရသော ကြောင့် ပလတ်စတစ်များအား စုပုံစွန့် ပစ်ထားသည့်နေရာများ တိုးပွားလာမှု နှင့်အတူ ရေကြီးခြင်း၊ မီးလောင်ခြင်း၊ မြေပြိုကျခြင်းကဲ့သို့ ဖြစ်စဉ်များဖြစ်ပွား နိုင်ခြေ မြင့်တက်လာလျက်ရှိသည်။
မြန်မာနိုင်ငံမြို့တော် ရန်ကုန်တွင်လည်း အမှိုက်များကို စွန့်ပစ်သည့်နေရာဟောင်း တစ်ခု၌ ပလတ်စတစ်များအား မီးလောင် ကျွမ်းမှုဖြစ်ပေါ်ခြင်းကြောင့် မြို့နေပြည်သူ များ လေထုညစ်ညမ်းခြင်းများနှင့်ရင်ဆိုင် ခဲ့ရဖူးသည်။ ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှား နိုင်ငံများတွင် ဖျက်ဆီးရန်မလွယ်ကူသည့် ပလတ်စတစ်များအား စုပုံစွန့်ပစ်ထား သည့်နေရာများ တိုးပွားလာခြင်းကြောင့် မီးလောင်ခြင်းနှင့်ရေကြီးခြင်းများ ဖြစ် ပေါ်နိုင်ခြေ မြင့်တက်လျက်ရှိသည်။ စွန့် ပစ်လိုက်သော အမှိုက်များအားလုံးကို မီး ရှို့ဖျက်ဆီးခြင်းကဲ့သို့ လုပ်ဆောင်မှုမျိုးအား အမျိုးအစားခွဲခြားခြင်းမရှိဘဲ လုပ်ဆောင် ၍မရပါ။ စွန့်ပစ်ပစ္စည်းများနှင့်အမှိုက်များ အား အမျိုးအစားခွဲခြားမှုမပြုလုပ်ဘဲ မီး ရှို့ဖျက်ဆီးမည်ဆိုပါက လေထုညစ်ညမ်း မှုဖြစ်ပေါ်စေနိုင်သည့် ဓာတ်ငွေ့များထွက် ပေါ်လာမည်ဖြစ်သည့်အပြင် ပတ်ဝန်းကျင် တွင် နေထိုင်သူများ၏ ကျန်းမာရေးကို ထိခိုက်စေမည့်အကျိုးဆက်များနှင့်ပါ ရင် ဆိုင်ရမည်ဖြစ်သည်။ ထိုကြောင့် အရှေ့ တောင်အာရှနိုင်ငံများရှိ အစိုးရများနှင့် မူဝါဒချမှတ်သူများအနေဖြင့် စွန့်ပစ်ပစ္စည်း များနှင့်အမှိုက်များအား စီမံခန့်ခွဲမှုနှင့်ဆိုင် သော လုပ်ဆောင်ချက်များကို စနစ်တကျ လုပ်ဆောင်နိုင်ရန် အလေးပေးရမည့်အချိန် သို့ ရောက်နေကြောင်း သတိပြုသင့်သည်။
အမှိုက်များနှင့် ပလတ်စတစ်များ ကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများ အား လျှော့ချနိုင်ရန်အတွက် အရှေ့တောင် အာရှနိုင်ငံများအနေဖြင့် အမှိုက်များကို စီမံခန့်ခွဲမှုများပြုလုပ်မည့်အခြေခံအဆောက် အအုံကဏ္ဍအားကောင်းရေးနှင့်နောက်ဆက် တွဲဆိုးကျိုးထွက်ပေါ်မှုနည်းပါးသည့် နည်း လမ်းများ အသုံးပြုနိုင်ရေးဆိုသော ရည် မှန်းချက်များ ထားရှိဆောင်ရွက်သင့် သည်။ အရှေ့တောင်အာရှနိုင်ငံများဘက်မှ ပလတ်စတစ်များအပါအဝင် ဝင်ငွေမြင့်မား သောနိုင်ငံများတွင် အသုံးပြုခဲ့ပြီးဖြစ်သည့် စွန့်ပစ်ပစ္စည်းများအား တင်သွင်းမှုပိတ် ပင်လိုက်ခြင်းကြောင့် အခြားဖြစ်စဉ်အသစ် များ ပေါ်ထွက်လာနိုင်သည်။ ကမ္ဘာပေါ် တွင် နှစ်စဉ်စွန့်ပစ်သည့်ပလတ်စတစ်များ ၏ ကိုးရာခိုင်နှုန်းခန့်ကိုသာ တစ်ကျော့ ပြန်အသုံးပြုကာ ကုန်ပစ္စည်းအသစ်များ ထုတ်လုပ်နိုင်သည့်အခြေအနေတွင် ရှိနေ သည်။ သို့သော် ပလတ်စတစ်များအား တစ်ကျော့ပြန်အသုံးပြုနိုင်ရန် လုပ်ဆောင် ခြင်းသည် ကုန်ကျစရိတ်မြင့်မားခြင်း ကြောင့် အနောက်နိုင်ငံများ၌ပင် အသုံး ပြုမှုနိမ့်ကျနေဆဲဖြစ်သည်။ ထို့ကြောင့် ဝင်ငွေမြင့်မားသည့်နိုင်ငံများနှင့် အနောက် နိုင်ငံများအနေဖြင့် တစ်ခါသုံးပလတ် စတစ်များ အသုံးပြုမှုကို လျှော့ချနိုင်ရန် ကြိုးပမ်းခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဖြစ်လာဖွယ်ရှိသည်။ တရုတ် ကဲ့သို့ စီးပွားရေးအင်အားကြီးနိုင်ငံများ တွင်လည်း ပလတ်စတစ်သုံးစွဲခြင်းကို အပြီးသတ်ဖယ်ရှားရန် ပြင်ဆင်နေပြီဖြစ် သည်။
(Ref; Southeast Asia’s plastic waste problem By Danny Marks )