images
UN
UN
စင်ကာပူမှ ပြန်လည်ပို့ဆောင်ခဲ့သူများထဲတွင် AA သောင်းကျန်းသူအဖွဲ့ခေါင်းဆောင်နှင့် ဆွေမျိုးတော်စပ်သူပါဝင်နေ
NG Thursday, 11 July 2019

စင်ကာပူပြည်ထဲရေးဝန်ကြီး ဌာနက နိုင်ငံအတွင်း၌ နေထိုင်ခွင့် ပေးအပ်ထားခြင်းကို ဖျက်သိမ်း ကာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ ဆောင်ခဲ့သူများထဲတွင် AA သောင်းကျန်းသူအဖွဲ့ခေါင်းဆောင် ထွန်းမြတ်နိုင်နှင့်ဆွေမျိုးတော်စပ် သူတစ်ဦး ပါဝင်နေကြောင်း စထ ရိတ်တိုင်းမ်သတင်းဌာနက ဖော် ပြသည်။
စင်ကာပူပြည်ထဲရေးဝန်ကြီးဌာန သည် AA သောင်းကျန်းသူအဖွဲ့ အား ငွေကြေးထောက်ပံ့မှုအပါ အဝင် အခြားထောက်ပံ့မှုများ ပြု လုပ်လျက်ရှိသည်ဟု တွေ့ရှိခဲ့သော မြန်မာနိုင်ငံသားများအား နေထိုင် ခွင့်ရုပ်သိမ်းကာ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်။ AA သောင်းကျန်း သူအဖွဲ့အား ငွေကြေးထောက်ပံ့ ခြင်းအပါအဝင် အွန်လိုင်းနှင့် ဆိုရှယ်မီဒီယာများကိုအသုံးပြုကာ ထောက်ခံသူဦးရေမြင့်တက်လာစေ ရန် လုပ်ဆောင်ခြင်းများသည် စင်ကာပူနိုင်ငံ၏ အမျိုးသားလုံခြုံ ရေးအား ထိပါးစေသည်ဟု သတ် မှတ်နိုင်သောကြောင့် မြန်မာနိုင်ငံ သို့ ပြန်လည်ပို့ဆောင်ခြင်းဖြစ် ကြောင်း စင်ကာပူပြည်ထဲရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန် ချက်အတွင်း၌ ဖော်ပြသည်။ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာ ရန် ဆုံးဖြတ်ခံရသူမည်မျှရှိကြောင်း စင်ကာပူပြည်ထဲရေးဝန်ကြီးဌာနက တရားဝင်အတည်ပြုခြင်းမရှိသေး သော်လည်း လက်ရှိအချိန်၌ ခြောက် ဦးအထိ ရှိနေသည်ဟု သတင်း များထွက်ပေါ်နေသည်။