images
UN
UN
ဓနုဖြူမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရပ်ကွက်နှင့်ကျေးရွာ ပါတီကော်မတီဝင်များ စွမ်းရည်မြှင့်(ဆင့်ပွား)သင်တန်းဖွင့်ပွဲကျင်းပ
မောင်မောင်စိုး(ဓနုဖြူ) Thursday, 11 July 2019

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် ဓနုဖြူမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကြီးမှူးကျင်းပသော ရပ် ကွက်နှင့်ကျေးရွာပါတီ ကော်မတီ ဝင်များ စွမ်းရည်မြှင့်(ဆင့်ပွား) သင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက မြို့နယ် ပြည်ခိုင်ဖြိုးရုံး ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ မအူပင်ခရိုင် တာဝန်ခံ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးသန်းထွန်း၊ မအူပင်ခရိုင် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ဖေဦး၊ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးတင်ဝင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ မြို့နယ်အတွင်းရေးမှူး ဦးအောင်ကို ဖြိုးနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုရှိ ဥက္ကဋ္ဌ များနှင့်သင်တန်းသားများ၊ ၂ဝ၁၈- ၂ဝ၁၉ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့သော ပါတီဝင် များ၏ သားသမီးများ အင်အား ၁၃၁ ဦး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် နိုင်ငံတော် အလံအလေးပြုခြင်း၊ နိုင်ငံတော် သီချင်းသီဆိုခြင်း၊ မအူပင်ခရိုင် တာဝန်ခံ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးသန်းထွန်းက အဖွင့်အမှာစကား ပြောကြားခြင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးနိုင်ဝင်းက သင်တန်းဖွင့်လှစ်ရ ခြင်းနှင့် အစီအစဉ်များ ပြောကြား ခြင်း၊ ကျေးရွာပါတီဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ၏ သားသမီးများ၊ ၂ဝ၁၈-၂ဝ၁၉ တက္ကသိုလ်ဝင်တန်း အောင် မြင်သော ငါးဘာသာဂုဏ်ထူးရှင် (အဘ) ဦးမျိုးဆွေ၏ သမီး မအေ မီမီမျိုးနှင့် ကျောင်းသား ကျောင်း သူ ၁၂ ဦးတို့အား ဂုဏ်ပြုချီးမြှင့် ခဲ့ကြသည်။
အခမ်းအနားကို နံနက် ၉ နာရီ ၃၇မိနစ်တွင် ခေတ္တရပ်နားခဲ့သည်။ ဆက်လက်၍ မအူပင်ခရိုင် တာဝန် ခံ ဦးသန်းထွန်း၊ ခရိုင်ဥက္ကဋ္ဌ ဦး ကျော်ဖေဦး၊ မြို့နယ်တာဝန်ခံ ဦး တင်ဝင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦး နိုင်ဝင်းနှင့်ပါတီကော်မတီဝင်များက ဆက်လက်သင်တန်းပို့ချခဲ့ကြောင် သိရသည်။