images
UN
UN
နိုင်ဂရာရေတံခွန်၏ အမြင့်ဆုံးနေရာမှ ပြုတ်ကျသော်လည်း အသက်ရှင်
Thursday, 11 July 2019

အမေရိကန်နှင့်ကနေဒါနိုင်ငံကြားရှိ ကမ္ဘာ့အကြီးဆုံးရေတံခွန်အဖြစ် သတ်မှတ် ခံထားရသော နိုင်ဂရာရေတံခွန်၏ အမြင့် ဆုံးနေရာမှ ပြုတ်ကျခဲ့သည့် ကနေဒါနိုင်ငံ သားတစ်ဦးသည် အသက်သေဆုံးခြင်းမရှိ ခဲ့ကြောင်း အမေရိကန်နေ့စဉ်သတင်းဌာန က ဖော်ပြသည်။
အဆိုပါကနေဒါနိုင်ငံသားသည် နိုင် ဂရာရေတံခွန်၏ အမြင့်ဆုံးနေရာဖြစ်သော ၁၈၈ပေ အမြင့်ရှိသည့်နေရာမှ ရေတံခွန် ဒုတိယအဆင့်ဖြစ်သော ပေ ၁ဝဝအမြင့်ရှိ သည့်နေရာသို့ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ ကယ်ဆယ်ရေးအဖွဲ့များက မိနစ်ပိုင်းအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ ရာတွင် အဆိုပါကနေဒါနိုင်ငံသားအား ကျောက်တုံးတစ်ခုအား ဆွဲကာ ဆက်လက် မပြုတ်ကျစေရန် ကြိုးပမ်းနေစဉ်အတွင်း တွေ့ရှိကယ်တင်နိုင်ခဲ့သည်။ ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ရာတွင် အသေးစားဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ကြောင်း တွေ့ရှိခဲ့ သည်။ NG(Ref; USA Today)