images
UN
UN
ဆန္ဒပြမှုများ ကြီးထွားလာခြင်းကြောင့် အတိုက်အခံတစ်ဦးအား လွှတ်တော်ဥက္ကဋ္ဌအဖြစ်တင်မြှောက်
Thursday, 11 July 2019

အယ်လ်ဂျီးရီးယားနိုင်ငံအတွင်း၌ အစိုးရအား ဆန့်ကျင်ဆန္ဒပြမှုများ ပိုမိုဖြစ်ပွား လာခြင်းကြောင့် အတိုက်အခံလွှတ်တော်အမတ်တစ်ဦးအား လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေး ချယ်တင်မြှောက်ခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။ လက်ရှိအယ်လ်ဂျီး ရီးယားအစိုးရသည် ပြင်သစ်နိုင်ငံထံမှ လွတ်လပ်ရေးရရှိခဲ့သော ၁၉၆၂ ခုနှစ်ကတည်းက နိုင်ငံအား တာဝန်ယူအုပ်ချုပ်လာသည့် အမျိုးသားလွတ်မြောက်ရေးတပ်ဦးပါတီမှ ဖွဲ့ စည်းထားသော အစိုးရဖြစ်သည်။ အုပ်ချုပ်ရေးပိုင်းအားနည်းချက်များကို မကျေနပ်မှု များ တိုးပွားလာခဲ့ပြီးနောက် အယ်လ်ဂျီးရီးယားနိုင်ငံအတွင်း၌ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ ခြင်းဖြစ်ကာ အမျိုးသားလွတ်မြောက်ရေးတပ်ဦးပါတီဝင်တစ်ဦးဖြစ်သည့် လွှတ်တော် ဥက္ကဋ္ဌဟောင်းသည် ဆန္ဒပြမှုများကြောင့် ရာထူးမှနုတ်ထွက်သွားခဲ့သည်။ လစ်လပ်နေ သော လွှတ်တော်ဥက္ကဋ္ဌရာထူးအတွက် လွှတ်တော်အမတ်များထဲမှ မဲပေးရွေးချယ်ခဲ့ရာ တွင် အတိုက်အခံပါတီတစ်ခုကို ကိုယ်စားပြုသည့် လွှတ်တော်အမတ်တစ်ဦးအား လွှတ် တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ NG(Ref; Reuters)