images
UN
UN
ရာသီကြိုခြေစမ်းခရီးစဉ်တွင် မလိုက်ပါခဲ့၍ အာဆင်နယ်နှင့်ကိုစီရယ်နီ လမ်းခွဲဖွယ်ရှိ ဇာဟာအား ပေါင်သန်း ၄ဝ နှင့် ကစားသမား သုံးဦး အလိုက်ပေးကမ်းလှမ်းရန် အာဆင်နယ်ပြင်ဆင်
Thursday, 11 July 2019

အာဆင်နယ်အသင်းခေါင်း ဆောင်ကိုစီရယ်နီသည် အသင်း၏ ရာသီကြိုခြေစမ်းခရီးစဉ်တွင် မလိုက် ပါရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် အရေး ယူမှုများနှင့်ရင်ဆိုင်ရဖွယ်ရှိသည့် အပြင် အသင်းနှင့်လမ်းခွဲရမည့် အနေအထားအထိ ရောက်ရှိသွား နိုင်ကြောင်း တယ်လီဂရပ်ဖ်သတင်း ဌာနက ဖော်ပြသည်။
ကိုစီရယ်နီဘက်မှ အမေရိကန် သို့ သွားရောက်မည့်ရာသီကြိုခြေ စမ်းပွဲခရီးစဉ်တွင် အသင်းနှင့်အတူ မလိုက်ခဲ့ခြင်းအတွက် အကြောင်း ပြချက်ပေးကာ ဖြေရှင်းခြင်းမရှိ သေးသော်လည်း အပြောင်းအရွှေ့ ပြုလုပ်လိုသော ရည်ရွယ်ချက်ရှိနေ ခြင်းကြောင့် ဖြစ်နိုင်သည်ဆိုသော သုံးသပ်ချက်များ ပေါ်ထွက်ခဲ့သည်။ ထိုကဲ့သို့ ငြင်းဆန်ခဲ့ခြင်းကြောင့် ကိုစီရယ်နီသည် အသင်း၏စည်း မျဉ်းစည်းကမ်းများကို ဖောက်ဖျက် ရာရောက်ခဲ့၍ အရေးယူခံရမည်ဖြစ် သည်။ အာဆင်နယ်အသင်းမှထုတ် ပြန်သော သတင်းထုတ်ပြန်ချက် အတွင်း၌ ခြေစမ်းပွဲခရီးစဉ်တွင် လိုက်ပါမှုမပြုလုပ်ဘဲ ငြင်းဆန်ခဲ့ သော ကိုစီရယ်နီ၏ ဆုံးဖြတ်ချက် သည် အသင်း၏ညွှန်ကြားချက် အား တိုက်ရိုက်ဆန့်ကျင်သကဲ့သို့ ဖြစ်ခဲ့၍ စိတ်ပျက်မိကြောင်း၊ စနစ် တကျဖြေရှင်းနိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း ဖော်ပြသည်။
အာဆင်နယ်အသင်းသည် ပဲလေ့စ်ကွင်းလယ်ကစားသမား ဇာ ဟာအား ပြောင်းရွှေ့ကြေး ပေါင် သန်း ၃ဝ နှင့်အတူ ချန်ဘာ၊ အီ လာနီနှင့် ယန်ကင်ဆန်တို့ကိုပါ အလိုက်ပေးမည်ဟု ကမ်းလှမ်းရန် စီစဉ်နေကြောင်း သတင်းများထွက် ပေါ်လျက်ရှိသည်။ အာဆင်နယ် သည် ဇာဟာအတွက် ပဲလေ့စ်မှ အလိုရှိနေသော ပြောင်းရွှေ့ကြေး ပေါင် သန်း ၈ဝ အား ပေးချေလို ခြင်းမရှိသောကြောင့် ပေါင်သန်း ၄ဝ နှင့်အတူ အသင်း၏ အရန် ကစားသမား သုံးဦးအား အလိုက် ပေးကမ်းလှမ်းမှုပြုလုပ်ရန် စီစဉ် ခြင်းဖြစ်ပုံရသည်။
Ref ;Telegraph