images
UN
UN
တန်ဖိုးအကြီးဆုံးလူငယ်ကစားသမားအဖြစ် ဘာပေးရပ်တည်
Thursday, 11 July 2019

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘာပေးသည် အသက် ၂၁ နှစ်အောက် အရွယ်သာရှိသေးသော လူငယ်ကစားသမားများထဲတွင် တန်ဖိုးအကြီးဆုံး လူငယ်ကစားသမားအဖြစ် ရပ်တည်ခဲ့ကြောင်း ဒေးလီးမေးလ်သတင်းဌာန က ဖော်ပြသည်။
ဥရောပအခြေစိုက်အားကစားမဂ္ဂဇင်းတစ်စောင်တွင် ဘောလုံးသမား များအား ခြေစွမ်းနှင့်စွမ်းဆောင်ရည်အပေါ် မူတည်၍ အကဲဖြတ်မှတ်တမ်း တင်သည့် ဘဏ္ဍာရေးအဖွဲ့ပူးပေါင်းပြုလုပ်ခဲ့သော လေ့လာမှုများအရ ဘာပေး၏ တန်ဖိုးမှာ ပေါင် ၂၃၄ သန်းခန့်ရှိသည်ဟု အတည်ပြုခဲ့ခြင်း ဖြစ်သည်။ တန်ဖိုးအကြီးဆုံးလူငယ်များကစားသမားများစာရင်းတွင် ဒုတိယနေရာ၌ရှိနေသူမှာ ဒေါ့မွန်အသင်းတွင် ကစားနေသော ဆန်ချို ဖြစ်ပြီး ၄င်း၏တန်ဖိုးမှာ ပေါင် ၁ဝ၇ သန်းရှိကြောင်း သတ်မှတ်ခဲ့သည်။ တန်ဖိုးအကြီးဆုံးလူငယ်ကစားသမားများစာရင်း၏ ထိပ်ဆုံး ၁ဝ ဦးထဲတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ကစားနေသူ နှစ်ဦးသာ ပါဝင်ခဲ့ပြီး လီဗာပူး နောက်ခံလူ အက်လက်ဇန်းဒါးအာနိုးလ်နှင့် ချဲလ်ဆီးကွင်းလယ်ကစား သမားပူလီဆစ်တို့ ဖြစ်ကြသည်။
Ref ;Dailymail