images
UN
UN
မွန်ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မုဒုံမြို့နယ်တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း
ကိုရဲ(နပတ) Thursday, 11 July 2019

မွန်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မော်လမြိုင်ခရိုင် ပါတီကော်မတီ တို့၏ကြီးကြပ်မှုဖြင့် မုဒုံမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၄၂)အုပ်စုမှ ရပ်/ကျေးပါတီကော် မတီတို့စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကိုယမန်နေ့ နံနက် ၁ဝနာရီတွင် မုဒုံမြို့နယ် ပါတီရုံးတွင် မုဒုံမြို့နယ် ကျောင်း ဝိုင်း ကျောင်းတိုက်ဆရာတော်ကြီး အား အမှူးထားပြီး ပင့်ဖိတ်သံဃာ လေးပါးဖြင့် ကျင်းပခဲ့သည်။
အဆိုပါဝါဆိုသင်္ကန်း ဆက် ကပ်လှူဒါန်းပွဲတွင် မုဒုံမြို့နယ် ကျောင်းဝိုင်းကျောင်းတိုက် ဆရာ တော်ကြီးက ဝါဆိုသင်္ကန်း ဆက် ကပ်လှူဒါန်းခြင်း၏ အကျိုးရှိပုံကို ဟောကြားတော်မူခဲ့သည်။ ပြီး နောက် ကျောင်းဝိုင်းကျောင်းတိုက် ဆရာတော်ကြီးနှင့်ပင့်ဖိတ်သံဃာ တော်များက ကောင်းမှုကုသိုလ် အစုစုတို့ကို ရေစက်သွန်းချအမျှ ပေးဝေပြီး လှူဖွယ်ဝတ္ထုအစုစု တို့ဖြင့် ဆက်ကပ်လှူဒါန်းခြင်း၊ တက်ရောက်လာကြသောပါတီကော် မတီဝင်များ၊ရပ်ကျေးပါတီဥက္ကဋ္ဌ များနှင့် ရပ်ကျေး ပါတီကော်မတီ ဝင်များနှင့် ရပ်မိရပ်ဖများအား နံနက်စာဖြင့် ကျွေးမွေးလှူဒါန်း ခြင်းများ ပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားသို့ မွန်ပြည် နယ်ပြည်နယ်ပါတီကော်မတီဝင်နှင့် မုဒုံမြို့နယ်တာဝန်ခံ ဦးဇော်မြင့်၊ မုဒုံမြို့နယ်ပါတီ ဥက္ကဋ္ဌဦးအောင် သက်တင်၊ မုဒုံမြို့နယ်ပါတီအတွင်း ရေးမှူးဦးရွှေသွေးမောင်၊ မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု(၄၂)အုပ်စုမှပါတီ ဥက္ကဋ္ဌများ၊ရပ်/ကျေးပါတီကော်မတီ ဝင်များနှင့် ရပ်မိရပ်ဖများ တက် ရောက်ခဲ့ကြောင်း သိရသည်။