images
UN
UN
ဖြိုးကိုကိုတင့်ဆန်းအမှု ယခုနှစ်အတွင်း အပြီးသတ်အမိန့်ချမည်
သူရကို Thursday, 11 July 2019

ဖြိုးကိုကိုတင့်ဆန်းအမှုကိုယခု နှစ်အတွင်းအပြီးဖြတ်ဖို့စီမံချက်ချ ထားကြောင်းနေပြည်တော်ရှိဒက္ခိဏ ခရိုင်တရားရုံးမှဒုတိယခရိုင်တရား သူကြီးဦးညိုဌေးက ပြောသည်။
လက်နက်မျိုးစုံ၊ မူးယစ်ဆေး များနှင့်တရားမဝင်ဆက်သွယ်ရေး စက်များသိမ်းဆည်းရမိမှုနှင့်ဖြိုး ကိုကိုတင့်ဆန်းကိုနေပြည်တော်ရှိ ဒက္ခိဏခရိုင်တရားရုံး၌ အမှုပေါင်း ၁၄ မှုဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။
၂ဝ၁၈ ခုနှစ် ဇန်နဝါရီလက တည်းက အမှုစတင်စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး တစ်နှစ်ကျော်အကြာတွင် ပုဒ်မ(၁၄)ခုဖြင့် စွဲချက်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါစွဲ ချက်အမိန့်ကို ပြင်ဆင်နိုင်ဖို့ ဖြိုးကို ကိုတင့်ဆန်း၏ ရှေ့နေ့ကကြိုးစားခဲ့ သော်လည်းအမြင့်ဆုံးပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးကလည်း ပယ်ချခဲ့ကြောင်း သိရသည်။
ဖြိုးကိုကိုတင့်ဆန်းနှင့်ဆက် စပ်ပြီး ရန်ကုန်နှင့်နေပြည်တော် တွင် တရားခံပြေးသုံးဦးလည်းရှိ နေသေးပြီး အထွေထွေအမှုခြောက် ခုဖြင့် ဖမ်းဝရမ်းထုတ်ထားကြောင်း သိရသည်။နေပြည်တော်လေဆိပ်၌ ၂ဝ၁၇ခုနှစ်ကုန်ပိုင်းကဖြိုးကိုကိုတင့် ဆန်းအပါအဝင်သုံးဦးထံမှလက်နက်၊ ကျည်ဆန်၊စိတ်ြ<ွကဆေးပြားများကို စစ်ဆေးတွေ့ရှိခဲ့ပြီး ၄င်းပိုင်ဆိုင် သည့်ဟိုတယ်၊ နေအိမ်တို့မှလည်း စကားပြောစက်၊ လက်နက်များကို တွေ့ရှိခဲ့ခြင်းကြောင့်အမှုဖွင့်စစ်ဆေး နေခြင်းဖြစ်ကြောင်း သိရသည်။