images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရေဘေးသင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်
ဓူဝံကြယ် Thursday, 11 July 2019

ယခုရက်သတ္တပတ်အတွင်း မိုး သည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေမြင့်တက်ကာ မြေနိမ့်ဒေသ များတွင်ရေကြီးနစ်မြုပ်မှုများ ဖြစ် ပေါ်ခဲ့သည်။
ကချင်ပြည်နယ် တနိုင်းမြို့ နယ် လမုန်ခရွာသည်လည်း ရေ ကြီးနစ်မြုပ်မှုဒဏ်ကိုခံစားခဲ့ရသည် ဟု တနိုင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ ဆက်သွယ်လာသည့်သတင်းရသည် နှင့်တစ်ပြိုင်နက် တနိုင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များက ယနေ့တွင် ရေဘေးကူညီ ကယ်ဆယ်ရေးအဖြစ်သွားရောက် ပြီး အသင့်စားသုံးနိုင်သောအစား အသောက်များ၊ရေသန့်ဘူးကြီးများ အားသွားရောက်လှူဒါန်းခဲ့ကြသည်။
တနိုင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌဦးမြင့်ကိုက လမုန်ခရွာ နည်းတူ မြို့နယ်အတွင်းရှိ အခြား ရေကြီးမှုဒဏ်ခံစားနေရသည့်ကျေး ရွာများကိုလည်း နောက်ရက်များ တွင် ဆက်လက်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။