images
UN
UN
မန္တလေး-ပြင်ဦးလွင်ကားလမ်းတွင် ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်သူအား ဖမ်းဆီးရမိ
ကျော်ကျော်(မလှိုင်) Thursday, 11 July 2019


မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၌ ရဲတပ်ဖွဲ့ဝင်အယောင် ဆောင်သူ အမျိုးသားတစ်ဦးအား သက်သေခံပစ္စည်းများနှင့်အတူဖမ်း ဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်များအရ သိရသည်။
ဖြစ်စဉ်မှာ ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာ (၁၆)မိုင် စစ်ဆေးရေးဂိတ်အနီး မန္တလေး-ပြင်ဦးလွင်ကားလမ်းအဆင်းလမ်းခွဲတွင် ရပ်တန့်ထား သောMDY 9D/------- Mark II ယာဉ်အားစစ်ဆေးရာ ယာဉ်ပိုင်ရှင် ကျော်သင်းခိုင်(ခ)ကျော်ကြီး(၄ဝ နှစ်)၏ ယာဉ်ရှေ့ခန်း ဒက်ရှ်ဘုတ်ပေါ် ကားမှန်ဝဲ/ယာနှစ်ဖက်၌ကပ်ထားသည့် ၄ ဒသမ ၅ လက်မခန့် မြန်မာနိုင်ငံရဲတပ်ဖွဲ့စာတန်းပါတံဆိပ် နှစ်ခု၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တံဆိပ်ပါ တောဆောင်းဦးထုပ်တစ်လုံး၊ အရိုးအသွား ၉ ဒသမ ၅ လက်မခန့် မောင်းချဓားဦးချွန်တစ်ချောင်း၊ စစ်စိမ်းရောင် ပြောက်ကျား အနွေးထည်တစ်ထည်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ကျော်သင်းခိုင် (ခ)ကျော်ကြီးအား အုန်းချောနယ်မြေရဲစခန်း (ပ)၁၈၅/၂ဝ၁၉၊ ရာဇ သတ်ကြီး ပုဒ်မ ၁၇ဝ (ပြည်သူ့ဝန်ထမ်းအယောင်ဆောင်မှု)ဖြင့်လည်း ကောင်း၊ (ပ) ၁၈၆/ ၂ဝ၁၉၊ လက်နက်ဥပဒေပုဒ်မ ၁၉(င) ဖြင့်လည်း ကောင်း အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ် ပြန်ချက်များအရ သိရသည်။