images
UN
UN
သက်ငယ်မုဒိမ်းအတွက် ထိရောက်သောဥပဒေပြဋ္ဌာန်းပေးရေးအပါအဝင် အချက်ငါးချက်ကို မြိတ်ပြည်သူများက ဆန္ဒဖော်ထုတ်တောင်းဆို
မေနဒီမြနွယ် Thursday, 11 July 2019

သက်ငယ်မုဒိမ်းအတွက် ထိရောက်သောဥပဒေပြဋ္ဌာန်းပေးရေးအပါအဝင် အချက်ငါးချက်ကို တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများက ယနေ့နံနက် ၇ နာရီတွင် မြိတ်မြို့တွင်းလှည့်လည်ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြောင်း အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သူတစ်ဦး၏ပြောကြားချက်အရ သိရသည်။
''သက်ငယ်မုဒိမ်းဆန့်ကျင် ရေးဟာ တစ်ဦးတစ်ယောက်တည်း ရဲ့အရေးမဟုတ်ပါဘူး၊ တစ်နိုင်ငံ လုံးအရေးဖြစ်သလို တစ်ကမ္ဘာလုံး နဲ့သက်ဆိုင်တဲ့ အရေးကိစ္စဖြစ်ပါ တယ်။ သက်ငယ်မုဒိမ်းဖြစ်စဉ်က နေရာမရွေး အချိန်မရွေးဖြစ်သွား နိုင်ပါတယ်။ အဲဒီတော့ သက်ငယ် မုဒိမ်းနဲ့ပတ်သက်ပြီး ထိရောက်တဲ့ ဥပဒေကို ပြဋ္ဌာန်းပေးပါလို့ပြော ချင်ပါတယ်''ဟု၎င်းကပြောသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို မြိတ်မြို့အတွင်းရှိ ပြည်သူအများ အပြားပါဝင်၍ ဗိုလ်ချုပ်ကြေးရုပ်တု ရှေ့မှ စတင်ထွက်ခွာပြီး ဗဟိုလမ်း အတိုင်း တောက်လျှောက် ချီတက် ကာ ကမ်းနားလမ်းအတိုင်းချီတက် ၍ ဗီနိုင်းပါစာသားများဖြစ်သည့် ၁၂ နှစ်အောက် သက်ငယ်မုဒိမ်း များအတွက် သေဒဏ်ဥပဒေချမှတ် ပေးရေး ဒို့အရေး၊ တရားဥပဒေ စိုးမိုးရေး ဒို့အရေး၊ ကလေးသူငယ် များအား ကာကွယ်စောင့်ရှောက် ပေးရေး ဒို့အရေးနှင့်အတူ ဗစ်တိုး ရီးယားအတွက် အမှုမှန်ပေါ်ပေါက် ရေးနှင့် နောက်ထပ်ဗစ်တိုးရီးယား အလိုမရှိ စသည့်အချက်များအား တောင်းဆိုခဲ့ကြသည်။