images
UN
UN
အမျိုးသားရေးလက်မနှေးနှင့်
ကိုလှ(နပတ) Thursday, 11 July 2019

* အမျိုးသားရေး တို့လက်နှေးရင်
ကြာလျှင်ပြည်ပျောက် ခြားမျိုးနှောက်လို့
စိုးကြောက်ဗျာပါ ဘယ်မှာအမျိုး
တို့လူမျိုးလဲ သဲကွဲဖြေရှာ
ဖွေရှာမတွေ့ အခက်တွေ့မည်
တို့သည်သိဖို့ကောင်းပါသည်။
* ကမ်းပါးလည်းပြို မြစ်ကိုတိုက်စား
အိမ်ပါသွားလည်း တို့ပဲအိမ်ရှင်
အသစ်ဆင်လို့ အိမ်ပြင်ဆောက်ရင်
မကြာခင်တော့ ပြီးမှာပေါ့။
* တို့လူမျိုးတွေ ကြာလေသွေးကွဲ
နင်ပဲငဆ ငါကအမှန်
သူမှန်ငါပဲ ပြိုင်ဆဲမာန
ရှိနေကြရင် ကြာလျှင်မျိုးနွယ်
စောင့်ထိန်းဖွယ်ကို မဆိုထားနှင့်
မျိုးခြားသပ်လျှို အလိုလိုကွဲ
ပြိုလဲကြမှာ ဓမ္မတာပါ။
* အမျိုးသားရေး လက်မနှေးဘဲ
အတွေးနှင့်ပင် သတ္တိယှဉ်လို့
ငါတို့၏မြေ တို့တွေလူမျိုး
အမျိုးဘာသာ သာသနာကို
ခုဆိုထိန်းရန် အချိန်တန်မို့
တန်ပြန်နိုးထကာကွယ်ကြလော့။