images
UN
UN
ရွှေပြည်သာတံတားအဆင်းတွင် YBS -၂၁ ခရီးသည်တင်ယာဉ်နှင့် တွဲကား ခေါင်းချင်းဆိုင်တိုက်မှုဖြစ်
Thursday, 11 July 2019


ရွှေပြည်သာတံတားအဆင်းတွင်YBS -၂၁ ခရီးသည်တင်ယာဉ် တစ်စီးနှင့်တွဲကားကြီးတစ်စီးတို့ ခေါင်းချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ယနေ့မွန်းလွဲ ၃နာရီခွဲက အင်းစိန်မြို့နယ် အမှတ်(၁၄) လမ်းဆုံဘက်မှ လှိုင်သာယာဘက်သို့မောင်းနှင်လာသည့် YBS -၂၁ ခရီးသည်တင်ယာဉ်YGN/4G-------သည် ရွှေပြည်သာတံတား ခြေဆင်းအရောက်တွင် လှိုင်သာယာဘက်မှ မောင်းနှင်လာသော တွဲကားကြီးတစ်စီးဖြင့်လမ်းလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိကြပြီး YBS ၂၁ခရီးသည်တင်ယာဉ်သည် ကားလမ်း၏ယာဘက်သို့
အရှိန်လွန်ထိုးကျခဲ့ပြီး လမ်းဘေး ကျူးကျော်တဲဘေးရှိ သစ်ပင်ကိုဝင် တိုက်မိခဲ့ပြီး ရပ်တန့်သွားခဲ့သည်။
''တွဲကားခေါင်းပိုင်းကြေသွား တယ်။YBS ကတော့ လမ်းဘေး ထိုးကျတယ်။ ကျူးကျော်တဲကို တိုက်မိခါနီးမှာ သစ်ပင်တိုက်မိပြီး ရပ်သွားတာ။YBS ယာဉ်ပေါ်ပါ ခရီးသည်၂ဝလောက်ရှိပေမယ့်ပွန်းပဲ့ လောက်ပဲ ဘာမှကြီးကြီးကျယ် ကျယ် ဒဏ်ရာမရကြဘူး။ ဆေးရုံ ပို့ရတာလည်းမရှိဘူး။ ယာဉ်ထိန်းရဲ ကတော့ တွဲကားယာဉ်မောင်းနဲ့ တွဲကားကြီးကိုရွာမယာဉ်ထိန်းရုံးကို ခေါ်သွားတာတွေ့တယ်''ဟုရွှေပြည် သာမြို့နယ် စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်(၁)ကိုသီဟသူက ပြောသည်။ရွှေမြင့်ဦး(ရွှေပြည်သာ)