images
UN
UN
ဒဂုံ(အရှေ့)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့
စိုးမိုး(ဒဂုံအရှေ့) Thursday, 11 July 2019

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ အသက် ၈ဝနှစ်နှင့်အထက် အဘိုး၊အဘွား များအား အိမ်တိုင်ရာရောက် သွားရောက်၍ အားပေးစကားပြောကြားခြင်း၊ အာဟာရ ဒါန လှူဒါန်းခြင်းနှင့် ကန်တော့ငွေများ ပူဇော်ကန်တော့ခြင်းကို ယမန်နေ့နံနက် ပိုင်းကမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။
အသက် ၈ဝ နှစ်နှင့်အထက် အဘိုး အဘွားများအား ရပ်ကွက်နှင့်ကျေးရွာပါတီ ကော်မတီများမှတစ်ဆင့် စနစ်တကျစာရင်း ကောက်ယူ၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး အတွင်းရေးမှူး ဒေါက်တာကျော်စိုးနှင့်ဇနီး၊ ရန်ကုန်(အရှေ့ပိုင်း)ခရိုင် ပါတီကော်မတီ ဝင် ဒေါ်လဲ့လဲ့အေး၊ သမီး မအိန္ဒြာကျော်စိုး မိသားစု၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ အတွင်းရေးမှူး ဦးလှမျိုးတို့က လှူဒါန်း သည့် Ovaltine အားဖြည့်အာဟာရနှင့် ပူဇော်ကန်တော့ငွေများအား အမှတ် (၁၂၊ ၁၃၃၊ ၁၅၆၊ စစ်ပင်)ရပ်ကွက်များရှိ အဘိုး အဘွား ၁၃ ဦးအား မြို့နယ်ပါတီကော်မတီ အမျိုးသမီးရေးရာအဖွဲ့နှင့် လူငယ်ရေးရာ အဖွဲ့ခေါင်းဆောင်များပါဝင်သည့် ပါတီဝင် များက နေထိုင်ရာအိမ်များသို့ သွားရောက် ပူဇော်ကန်တော့ခဲ့ကြပြီး ကျန်ရှိသည့် ရပ်ကွက်နှင့် ကျေးရွာများရှိ အဘိုးအဘွား များအား ဆက်လက်ကန်တော့သွားမည် ဖြစ်ကြောင်း သိရသည်။