images
UN
UN
သံတွဲခရိုင်နှင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျောင်းသုံးဗလာစာအုပ်များလှူဒါန်း
Thursday, 11 July 2019

သံတွဲမြို့နယ် မဲနယ်ကွင်းကျေးရွာအုပ်စု အထက မဲနယ်ကွင်း ကျောင်းရှိ ဒသမတန်းနှင့် နဝမတန်းကျောင်းသားကျောင်းသူ ၄၄ ဦးအတွက် ဗလာစာအုပ် ၂၂ ဒါဇင်၊ အမက မဒေးကျောင်းရှိ ကျောင်းသားကျောင်းသူ ၂ဝ အတွက် ဗလာစာအုပ် ငါးဒါဇင် စုစုပေါင်းတန်ဖိုးငွေကျပ် ခြောက်သောင်းကို သံတွဲမြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးစန်းနိုင်၊ ခရိုင်အရန်ပါတီကော်မတီဝင် အမျိုး သမီးရေးရာတာဝန်ခံ ဒေါ်ခင်မူ၊ ရခိုင်ပြည်နယ် လူငယ်လှုပ်ရှားမှု ခေါင်းဆောင် မောင်ပြည့်ဖြိုးအောင်နှင့် ရပ်ကျေးပါတီဥက္ကဋ္ဌများက ယနေ့ နံနက် ၁၁ နာရီတွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရ သည်။