images
UN
UN
ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းအနီး ကျူးများရှင်းလင်းရာတွင် ပဋိပက္ခဖြစ်ပွားရာ ရဲတပ်ဖွဲ့ဝင်အချို့နှင့် ကျူးနေထိုင်သူများ ထိခိုက်ဒဏ်ရာရရှိ
ထက်မြတ်(မန္တလေး) Thursday, 11 July 2019

မန္တလေးမြို့ ချမ်းမြသာစည်လေယာဉ် ကွင်းဟောင်း အရှေ့ဘက်ရှိ ကျူးကျာ် နေထိုင်သူများကို ယနေ့တွင် မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီက ရှင်းလင်းခဲ့ရာ နှစ်ဖက်ပဋိပက္ခဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း သိရ သည်။
ပဋိပက္ခဖြစ်ပွားမှုကြောင့် ကျုးကျော် နေထိုင်သူအချို့၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင် သုံးဦး၊ စည်ပင်သာယာဝန်ထမ်း သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးရှင်းလင်းရာ၌ ကျူး ကျော်များ ဖယ်ရှားသည့်အတွက် ခဲဖြင့် ပစ်ပေါက်မှုများရှိခဲ့ပြီး လုံခြုံရေးရဲတပ်ဖွဲ့ ကလည်း သေနတ်ပစ်ဖောက်မှုများရှိခဲ့ ကြောင်း သိရသည်။
ယခု စိန်ပန်းလမ်းအနီးရှိ ကျူးနေထိုင် သူများအား လမ်းသစ်ဖောက်လုပ်ရန် မန္တလေးမြို့တော်စည်ပင်သာယာရေးကော် မတီက အဆိုပါ မြေနေရာရှိ နေအိမ်များကို ဖယ်ရှားပေးရန် အကြောင်းကြားစာ လေး ကြိမ်အထိ ပို့ထားပြီးနောက် လိုက်နာခြင်း မရှိသည့်အတွက် စည်ပင်ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့အင်အားအများအပြားဖြင့် ရှင်း လင်းဖယ်ရှားခြင်းဖြစ်ကြောင်း သိရသည်။
ယခုကိစ္စနှင့် ပတ်သက်၍ စည်ပင် သာယာရေးကော်မတီဝင်မှ တာဝန်ရှိသူ တစ်ဦးက ''စည်ပင်က ဒီနေရာမှာနေထိုင် တဲ့သူတွေကို ပြောင်းရွှေ့ပေးဖို့ အကြောင်း ကြားစာ လေးကြိမ်ပေးပို့ထားပါတယ်။ ဖယ်မပေးကြဘူး''ဟု ပြောသည်။
ကျူးကျော်နေထိုင်သူများထဲမှ တစ်ဦး ဖြစ်သည့် ကိုနေဝင်းက ''ဒီနေရာက ကျွန် တော်တို့မိဘတွေ ခေတ်အဆက်ဆက် လယ်လုပ်ခဲ့တဲ့မြေနေရာပါ။ ကျွန်တော် တို့မှာ ၂ဝဝ၂ ခုနှစ်အထိ သီးစားလုပ်ကိုင် ခဲ့တဲ့ပြေစာတွေရှိပါတယ်''ဟု ပြောခဲ့ သည်။
လက်ရှိနေထိုင်သူများအနေဖြင့် နေထိုင် ရန် နေရာမရှိသည့်အတွက် နေရာဖန်တီး ပေးခြင်း၊ မြေယာလျော်ကြေးပေးခြင်းတို့ ကို ဆောင်ရွက်ပေးစေလိုကြကြောင်း သိရ သည်။