images
UN
UN
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ၂ဝ၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Thursday, 11 July 2019

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော်ဌာနချုပ်ရုံးဝင်းအတွင်း၌ ယနေ့ညနေ ၄ နာရီက ၂ဝ၁၉ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအတွင်းရေးမှူးများ၊ ပါတီဗဟိုအလုပ်အမှု ဆောင်များ၊ ပါတီဗဟိုကော်မတီဝင်များနှင့်အတူ ပါတီဌာနချုပ်ဦးစီးရုံးအဖွဲ့ဝင် မိသားစုများက ရတနာတန်းဝင် စိန်တစ်လုံးသရက်ပင်နှင့် လျှော်ဖြူပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။