images
UN
UN
NRPC နှင့် RCSS (၈) ကြိမ်မြောက် အလွတ်သဘောဆွေးနွေးမှုရလဒ် သဘောတူညီမှု ရှစ်ချက်ရရှိ
ကိုကိုလွင် Friday, 12 July 2019

အမျိုးသားပြန်လည်သင့်မြတ် ရေးဗဟိုဌာန NRPC နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS (၈)ကြိမ်မြောက် အလွတ် သဘော ဆွေးနွေးမှုရလဒ်အဖြစ် သဘောတူညီမှု(၈)ချက်ရရှိခဲ့သည် ဟု နှစ်ဖက်တာဝန်ရှိသူတို့က ထုတ်ပြန်သည်။
အမျိုးသားပြန်လည်သင့်မြတ် ရေးဗဟိုဌာနNRPC နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ အလွတ်သဘောတွေ့ ဆုံဆွေးနွေးမှုရလဒ်အား ယမန်နေ့ ညနေပိုင်းက ယင်းအဖွဲ့နှစ်ဖွဲ့မှ ပူးပေါင်းရှင်းလင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
၂ဝ၁၉ ခုနှစ်အတွင်း စတုတ္ထ အကြိမ် (၂၁)ရာစုပင်လုံ ကျင်းပ နိုင်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ရန်၊ အမျိုးသားအဆင့် နိုင်ငံ ရေးဆွေးနွေးပွဲများ စတုတ္ထအကြိမ် ပင်လုံမတိုင်မီကျင်းပရန်၊တရားဝင် နိုင်ငံရေးဆွေးနွေးပွဲများ ပြန်လည် ကျင်းပရန်၊ ငြိမ်းချမ်းရေးအတွက် အစိုးရဘက်မှ အဆိုပြုသည့်အချက် လေးချက်အပေါ် ရှေ့ဆက်လုပ် ဆောင်မည့်ကိစ္စရပ်များ ညှိနှိုင်းနိုင် ရန်၊ အဆိုပြုချက်အား EAO အဖွဲ့ များနှင့် ဆက်လက်ဆွေးနွေးသွား ရန်၊ ကြားကာလ၌ ဆောင်ရွက်ရ မည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းမူးယစ် ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ အတွက် အစီအစဉ်များချမှတ်ရန်၊ ဒီမိုကရေစီဖက်ဒရယ်ဆိုင်ရာ လုပ် ငန်းစဉ်နှင့် ပတ်သက်၍ အပြန် အလှန် ဆွေးနွေးခဲ့ခြင်းနှင့်ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် အားလုံးပါဝင် ရေးကိစ္စအား RCSS မှ တတ်အား သရွေ ပံ့ပိုးဆောင်ရွက်ရန် သဘော တူညီမှုများရရှိခဲ့ကြကြောင်း သိရ သည်။
ယမန်နေ့ဆွေးနွေးမှုအပေါ်နှစ်ဦး နှစ်ဖက် ယုံကြည်မှုပိုမိုရရှိခဲ့သည့် အတွက် နိုင်ငံရေးဆွေးနွေးပွဲမှ ရရှိ သည့် ရလဒ်များဖြင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင် ရန် ဝိုင်းဝန်းကြိုးပမ်းသွားမည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ငြိမ်းချမ်းရေး ဆွေးနွေးမှုအဖွဲ့ ခေါင်းဆောင် ဘောင်ခေးက ပြောသည်။
ထို့နောက် သက်ဆိုင်ရာဒေသ ရှိ ပြည်သူအကျိုးစီးပွားကို ဖော် ဆောင်ပေးမည်ဖြစ်သည့်အတွက် ပီတိဖြစ်ရကြောင်းနှင့်ယခုဆွေးနွေး ပွဲအား နမူနာယူကာ ရှေ့ဆက်၍ တစ်ဦးနှင့်တစ်ဦး ပွင့်လင်းစွာ ဆွေးနွေးမှုများ ဆက်လက်လုပ် ဆောင်ပြီး ငြိမ်းချမ်းရေးကိုအခြေခံ သည့် ဖွံ့ဖြိုးရေးအသီးအပွင့်များ ရရှိစေရေးအတွက် ဆက်လက်လုပ် ဆောင်နိုင်ရန် NRPC အဖွဲ့ခေါင်း ဆောင်က ပြောသည်။