images
UN
UN
H1N1 ရောဂါပိုးတွေ့ရှိသူ ၂ဝဝနီးပါးခန့်ရှိဟုဆို
NG Friday, 12 July 2019

မြန်မာနိုင်ငံအတွင်း၌ တုပ် ကွေးရောဂါအမျိုးအစားများထဲ၌ ပါဝင်သော H1N1 ရောဂါပိုးတွေ့ ရှိသူ ၂ဝဝနီးပါးခန့် ရှိသည်ဟု မြန်မာနိုင်ငံကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနက အတည်ပြု ထားကြောင်း ဆင်ဟွာသတင်း ဌာနက ဖော်ပြသည်။
မြန်မာနိုင်ငံအတွင်း၌ ပြီးခဲ့ သည့်လအတွင်းမှစတင်ကာH1N1 ရောဂါပိုးကြောင့် သေဆုံးမှု များ စတင်ဖြစ်ပေါ်ခဲ့သည်။ လက် ရှိအချိန်အထိH1N1 ရောဂါပိုးကူး စက်ခံရမှုကြောင့် သေဆုံးသူ ၃၇ဦး ရှိခဲ့ပြီးဖြစ်သည်။ ထို့အပြင် ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အတွင်း ၌H1N1 ရောဂါပိုးကူးစက်ခံရ သည်ဟု သံသယရှိသူ ၅၃၇ဦး အား စစ်ဆေးခဲ့ရာတွင် ၁၉၅ဦး သည်H1N1 ရောဂါပိုးကူးစက် ခံထားရကြောင်း တွေ့ရှိခဲ့သည်။ H1N1 ရောဂါပိုးကူးစက်ခံရမှု ကြောင့် သေဆုံးသူအများဆုံးဒေသ မှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး ၂၉ဦးအထိ သေဆုံးခဲ့သည်။ ဧရာ ဝတီတိုင်းဒေသကြီးတွင် သေဆုံး သူသုံးဦး၊ ပဲခူးတိုင်းဒေသကြီးတွင် သေဆုံးသူနှစ်ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် သေဆုံးသူ တစ်ဦးစီရှိခဲ့သည်ဟု လည်း အတည်ပြုခဲ့သည်။ ၂ဝ၁၇ ခုနှစ် ဇူလိုင်လအတွင်းကလည်း မြန်မာနိုင်ငံH1N1 ရောဂါပိုးကူး စက်ပြန့်ပွားမှုများ ဖြစ်ပွားခဲ့ပြီး ရောဂါပိုးကူးစက်ခံရသူ ၄ဝ၈ဦး အထိ ရှိခဲ့ပြီး သေဆုံးသူ ၃၈ဦး ရှိခဲ့သည်။