images
UN
UN
လွှတ်တော်ကိုယ်စားလှယ်အခန်း ဖောက်ထွင်းခံရမှုသည် တိုင်းပြည်စီမံခန့်ခွဲသူအပေါ်တွင် အဓိကကျသည်ဟု သုံးသပ်
သာလှ(ပျဉ်းမနား) Friday, 12 July 2019

အမရပူရမဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဟောင်းဦးသိန်းထွန်းဦး က''တရားဥပဒေစိုးမိုးရေးတစ်ခုဆိုတာက စဉ်းစားကြည့်မယ်ဆိုရင်ဥပဒေကို လူတိုင်း က လိုက်နာသင့်တယ်ပေါ့။ အဲဒီလို ဥပဒေ ကို လေးစားလိုက်နာတဲ့နေရာမှာ အုပ်ချုပ် သူရော၊ အုပ်ချုပ်ခံသူရော ဥပဒေကို လေးစားလိုက်နာဖို့လိုတယ်။ ဒါမှသာလျှင် ဥပဒေစိုးမိုးရေးက ထိထိရောက်ရောက် ဖြစ်မယ်။ ဒုစရိုက်ကိစ္စတွေ ပေါများလာ တာက အကြောင်းတရားတွေ ရှိတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါး လာတာတွေ ရှိတယ်။ ဝင်ငွေထွက်ငွေ မမျှ တာတွေ၊ အခွန်အကောက်များလာတာတွေ၊ အခွန်များလာတော့ ကုန်ဈေးနှုန်းတက်လာ တယ်။ ကုန်ဈေးနှုန်း တက်လာတော့ ဝင်ငွေနဲ့ထွက်ငွေ မမျှတဲ့အခါကျတော့ မစားလောက်ဘူး။ မစားလောက်တော့ ဒီလို ဖောက်ထွင်းမှုတွေ ဖြစ်လာတယ်။ ဒါဟာ ဘယ်သူ့မှာတာဝန်ရှိသလဲဆိုတဲ့ မေးခွန်းထုတ်ကြည့်မယ်ဆိုလို့ရှိရင် စီမံခန့် ခွဲသူအပေါ်မှာ အဓိကကျတယ်လို့ ပြောရမှာ ဖြစ်တယ်။
ဘာကြောင့်လဲဆိုစီမံခန့်ခွဲသူကအလုပ် အကိုင်အခွင့်အလမ်းပေါများမှု၊ အခွန် အကောက်တွေကအစ စဉ်းစားသုံးသပ်ဖို့၊ ဝင်ငွေနဲ့ထွက်ငွေကို ကြည့်ပြီး ပြည်သူ့ အပေါ်မှာအခွန်အကောက်တွေကိုသတ်မှတ် ထားမှု ဒါတွေကအစ အများကြီးစဉ်းစား ရပါတယ်။ အများကြီးစဉ်းစားပြီး လုပ် ဆောင်ပေးဖို့ လိုပါတယ်။ ဒါကြောင့် ဥပဒေ စိုးမိုးရေးနဲ့ပတ်သက်ပြီး တချို့ကကျတော့ ဘာဆိုင်လို့လဲလို့ ပြောကောင်းပြောပါလိမ့် မယ်။ ကျွန်တော်တို့ကကျတော့ ဖြစ်စဉ် အပေါ်မှာ ဖြစ်လိုက်ပြီဆိုရင် အခြေခံ အကြောင်းတရားတွေကဘယ်ကနေဖြစ်တာ တုံး၊ ဘယ်လိုတွေကနေ အခြေခံလာတာ တုံးအားလုံးဖြန့်ပြီးသုံးသပ်တာဖြစ်ပါတယ် ဗျ''ဟု သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်များ တည်း ခိုသောအခန်းများ၊ အဆောင်များ ဖောက် ထွင်းခံရမှာကို ယခင်ပထမအကြိမ် လွှတ် တော်သက်တမ်းနှင့် ယခုဒုတိယအကြိမ် လွှတ်တော်သက်တမ်းအားလုံးတွင် လွှတ် တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်း ဆောင်နေသောအမရပူရမဲဆန္ဒနယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦး ဖြစ်သည့် ဦးသိန်းထွန်းဦးက ''ကျွန်တော် တို့ အရင်က အခုလိုတစ်ခါမှ မကြားဖူး ခဲ့ဘူး။
ဟိုတလောကလည်း တမူးက တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် အိမ်မှာလည်း အဲလိုဖောက်ထွင်းခံရတယ်လို့ ကြားတယ်ခင်ဗျ၊ တရားဥပဒေ စိုးမိုးရေးကို ထိထိရောက်ရောက် ကိုင်တွယ်စေချင်ပါတယ်ဗျာ ''ဟုလည်းထပ်လောင်းပြော ကြားခဲ့သည်။
အဆိုပါ နေပြည်တော်စည် ပင်ဧည့်ရိပ်သာရှိ လွှတ်တော် ကိုယ်စားလှယ်အခန်း ဖောက်ထွင်း ခံရသည့် အမှုဖြစ်စဉ်မှာ ယမန်နေ့ ည ၁ဝနာရီ ၅မိနစ်တွင် နေပြည်တော် စည်ပင်ဧည့်ရိပ်သာ (၂)အဆောင်(၁၁)အခန်း(၁)၌ နေ ထိုင်သော ဆိတ်ကြီးခနောင်တိုမဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်၏ အခန်းတွင် ဦးတင်ထွန်းနိုင်၏ ဇနီး ဖြစ်သူသည် ယင်းနေ့က ၄င်း၏ ခင်ပွန်းရှိရာ အခန်းသို့ ခင်ပွန်းနှင့် အတူလိုက်ပါတည်းခိုခဲ့ပြီး ခင်ပွန်း ဖြစ်သူ အပြင်သွားချိန်တွင် အနီ ရောင်ဘူးဖြင့် ရွှေထည်များထည့် ကာ ပိုက်ဆံအိတ်အတွင်းထည့် ပြီးခုတင်ပေါ်တင်ထားခဲ့ကာ ရေချိုးနေကြောင်း ၊ ရေချိုးချိန် ၁ဝမိနစ်ခန့်အကြာတွင် ပြန်လည် ထွက်လာချိန်၌ ခုတင်ပေါ်တင် ထားခဲ့သော ပိုက်ဆံအိတ်အတွင်းမှ စိန်လက်ကောက်တစ်ကွင်း၊ စိန် လက်စွပ်နှစ်ကွင်း၊ ရွှေလက် ကောက်ကိုးကွင်း၊ ရွှေခြေချင်း ၁ကွင်း စုစုပေါင်း ကာလတန်ဖိုး ကျပ် ၁ဝ၄သိန်း ဖိုး ခိုးယူခံခဲ့ရကြောင်း သိရသည်။
ယခုကဲ့သို့ ရွှေထည်များ သိန်း ၁ဝဝကျော်ဖိုး ခိုးယူခံရခြင်းနှင့် ပတ်သက်ပြီး ရွှေထည်များအခိုးခံ ရသူ လွှတ်တော်ကိုယ်စားလှယ်၏ ဇနီးဖြစ်သူက သက်ဆိုင်ရာ ရဲစခန်း တွင် ရာဇသတ်ကြီး ပုဒ်မ ၃၈ဝ ဖြင့်အမှုဖွင့်ထားကြောင်းသိရသည်။