images
UN
UN
ဗစ်တိုးရီးယားအတွက် တရားမျှတမှုရရှိရန် ပခုက္ကူတက္ကသိုလ်ကျောင်းသားကျောင်းသူများ ဆန္ဒဖော်ထုတ်
မေနဒီမြနွယ် Friday, 12 July 2019

နေပြည်တော်တွင် ပြီးခဲ့သည့် မေ ၁၇ရက်က ဖြစ်ပွားခဲ့သည့်မူကြိုကျောင်းသူလေးတစ်ဦး လိင်အကြမ်း ဖက်ခံရမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်စေရေးအတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများက ဆန္ဒဖော်ထုတ် တောင်းဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများက အမှုမှန်အမြန်ဆုံးပေါ်ပေါက်ရန်နှင့်တရားမျှတမှုရရှိရေးအတွက်ပခုက္ကူမြို့အတွင်း စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း ပခုက္ကူ ကျောင်းသားများသမဂ္ဂအဖွဲ့မှကိုသက် မောင်မောင်၏ ပြောကြားချက်အရ သိရသည်။
အဆိုပါဆန္ဒဖော်ထုတ်ရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ ကို သက်မောင်မောင်က'' လက်ရှိဖြစ် ပေါ်နေသည့်ဗစ်တိုးရီးယားကလေးငယ် လေးရဲ့မတရားခံရတဲ့အမှုနဲ့ပတ်သက် ပြီး ရဲတပ်ဖွဲ့ကနေ အခုထိ သေချာ တိကျတဲ့တရားခံကို မဖော်ထုတ် နိုင်သေးဘူး။ ဒီအတွက် ကျွန်တော် တို့ ပခုက္ကူတက္ကသိုလ်ကျောင်းသား များသမဂ္ဂကနေဦးဆောင်ပြီး အခုလို ဆန္ဒဖော်ထုတ် တောင်းဆိုကြတာ ဖြစ်ပါတယ်။ ဒီကိစ္စကို တစ်နိုင်ငံ လုံးက ပြည်သူတွေရော၊ ကျွန်တော် တို့ ကျောင်းသားတွေကရော စောင့် ကြည့်နေတယ်ဆိုတာ တာဝန်ရှိသူ တွေ သတိချပ်ဖို့လိုပါတယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီး အမှုမှန်ကို အမှန်ဆုံး နဲ့အမြန်ဆုံး ဖော်ထုတ်ပေးစေချင်ပါ တယ်''ဟု ၄င်းက ပြောသည်။
အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် ပခုက္ကူတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူ ၄ဝဝကျော် ပါဝင်ပြီး ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယစာ သင်ဆောင်များတွင်လူစုပြီး ဗီနိုင်း ပါစာသားများဖြစ်သော သက်ငယ် မုဒိမ်းမှုပပျောက်ရေး ဒို့အရေး၊ တရားမျှတမှုရရှိရေး ဒို့အရေး၊ နောက်ထပ် ဗစ်တိုးရီးယားအလိုမရှိ စသည်တို့ကိုဟစ်ြေ<ွကးကာ လွတ် လပ်ရေးပန်းခြံအထိ စီတန်းလှည့် လည်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရ သည်။