images
UN
UN
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာအချို့ ရေကြီးရေလျှံမှုဖြစ်ပွား အခြေခံပညာကျောင်းကိုးကျောင်းပိတ်ထားရ
ဝိုင်ဝိုင် Friday, 12 July 2019

ဝိုင်းမော်မြို့နယ်အတွင်းမိုးများ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လာပြီးရပ်ကွက်၊ကျေးရွာ အချို့ ရေဝင်ရောက်လာမှုကြောင့် ခတ်ချို၊ စန်းကားကျေးရွာ၊ မန် ဒေါင်ကျေးရွာ၊ နောင်တာလော ကျေးရွာ၊ မိုင်းနားကျေးရွာ၊ နောင် ချိန်းကျေးရွာ၊ ဝိုင်းမော်မြို့ပေါ်ရှိ (၁/၃/၄)ရပ်ကွက်အတွင်း ယနေ့ နံနက်ပိုင်းကစ၍ ရေများဝင်ရောက် လျက်ရှိကြောင်း သိရသည်။
မြစ်ရေ ဝင်ရောက်မှုကြောင့် အဆိုပါ ရပ်ကွက်၊ ကျေးရွာအတွင်း ရှိ အထက-ခွဲ(စန်းကား)၊ အမက-၃(စန်းကား)၊ အမက-၅(စန်းကား)၊ အထက-ခွဲ(မန်ဒေါင်)၊ အမက-၃ (ခတ်ချို)၊ အမက-၆(ခတ်ချို)၊ အမက-(မိုင်းမော)၊ အမက-၁ (ဝိုင်းမော်)၊ အမက-၆(ဝိုင်းမော်) အခြေခံပညာကျောင်း ကိုးကျောင်း အား ယာယီပိတ်ထားရသည်။ ထို့ ပြင် မြစ်ရေများမြင့်တက်လာမှု ကြောင့် ရေဘေးသင့်မိသားစုများ ကို ဝိုင်းမော်မြို့ အထက(၂)ကျောင်း နှင့်အောင်ချမ်းသာဘုန်းကြီးကျောင်း တို့၌ ပြောင်းရွှေ့ထားကြောင်း သိရ သည်။