images
UN
UN
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကြမ်းအား ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲ တောင်ကြီးတွင်ကျင်းပ
သန်းထူး(တောင်ကြီး) Saturday, 13 July 2019
တောင်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှဦးဆောင်ပြီး ယမန်နေ့နံနက် ၁၁ နာရီက ပြည်ထောင်စုလွှတ်တော်မှအတည်ပြုခဲ့သည့် ''ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကြမ်း''အားကန့်ကွက် ဆန္ဒဖော်ထုတ်ပွဲကျင်းပရာ ရှေးဦးစွာစုရပ်ဖြစ်သည့် မူလမင်းကွန်းဘုန်းတော်ကြီးကျောင်းမှ ဟောပြောပွဲကျင်းပရာ ရှမ်းပြည်နယ်မိုးလုံလေလုံအားကစားလေ့ကျင့်ရေးရုံသို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းတစ်လျှောက်ချီတက်ကြသည်။ချီတက်ရာလမ်းတစ်လျှောက် ကြေွး ကြော်သံများဖြစ်သည့် ''အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး ဒို့အရေး၊ အမျိုး ဘာသာသာသနာ ကာကွယ်စောင့်ရှောက် ရေး ဒို့အရေး၊ တိုင်းပြည်အဖျက်ရန်မှန် သမျှချေမှုန်းရေး ဒို့အရေး၊ ပြည်ပသြဇာခံ များပပျောက်ရေး ဒို့အရေး၊ စည်းလုံးညီ ညွတ်သော အမျိုးသားနိုင်ငံတော်ကြီး အောင်ရမည်''တို့ဖြင့်ြေ<ွကးကြော်ပြီး ချီ တက်ကြသည်။
ဟောပြောပွဲကျင်းပရာ ပြည်နယ်အား ကစားလေ့ကျင့်ရေးရုံသို့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ရောက်ရှိနေရာယူကြပြီး နောက် အခမ်းအနားတက်ရောက်လာသူ ဧည့်ပရိသတ်များနှင့် ပါတီဝင်များက နိုင်ငံ တော်အလံအား အလေးပြုကြပြီး နိုင်ငံ တော်သီချင်းကိုသံပြိုင်သီဆိုကာ အခမ်း အနားကိုစတင်သည်။
ပထမဦးစွာ ရှမ်းပြည်နယ် (တောင် ပိုင်း)ပြည်ခိုင်ဖြိုးပါတီ၏ပြောရေးဆိုခွင့် ရှိသူ တောင်ကြီးခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးစောထွန်းခိုင်က ဥပဒေရေးရာနှင့် ပတ်သက်ဟောပြောပြီး တောင်ကြီးမြို့ နယ်ပြည်ခိုင်ဖြိုးပါတီ၏ ပါတီအကြံပေး ဦးကျော်ကျော်က အမျိုးသားရေးနှင့်ပတ် သက်ပြီး ဟောပြောကာ ယနေ့ဆန္ဒဖော် ထုတ်ပွဲကို ဇာတိမာန်သီချင်းဖြင့်သီဆိုပြီး မွန်းလွဲ ၁၂ နာရီခွဲတွင် အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
ယနေ့ပြုလုပ်သည့်ဆန္ဒဖော်ထုတ်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ တိုင်းရင်းသား ပြည်သူများ တက်ရောက်ဆန္ဒဖော်ထုတ်ခဲ့ ကြကြောင်း သိရသည်။