images
UN
UN
တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့ ပြည်သူများအား ကျန်းမာရေး ဆေးကုသမှုများဆောင်ရွက်
တင်ဝင်းဇော်(မင်းသားကြီး) Saturday, 13 July 2019
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) အမှတ်(၆)တပ်မတော်ဆေးရုံ(ခုတင်၁ဝဝ) မှနယ်လှည့်ဆေးကုသရေး အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးပေါင်းတည်မြို့ ဘိုးသာအောင်ကုန်း အုပ်စု ညောင်ပင်ကုန်း-ကင်မွန်းခြုံဘုန်းတော်ကြီးကျောင်းရှိ ဥပေါသ ထခန်းမဆောင်၌ ယနေ့နံနက် ၈နာရီမှ စတင်၍ မွန်းလွဲပိုင်းအထိ ဒေသခံပြည်သူများအားအခမဲ့ဆေးကုသစစ်ဆေးမှုများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ကျေးရွာအုပ်စုအတွင်းရှိ ရွာများ ပတ်ဝန်းကျင်ကျေးရွာများမှ လာရောက် ပြသကြသည့် ဒေသခံပြည်သူ ၃ဝဝ ကျော် နှင့် ကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြား နေသည့် ဓမ္မစကူးလ် ကျောင်းသား ကျောင်းသူများအား အထွေထွေရောဂါ များ၊ သွားနှင့်ခံတွင်းကုသရေး၊ အရိုး အကြောအဆစ်ရောဂါများအား နယ်လှည့် ဆေးကုသရေးအဖွဲ့မှ ရောဂါဗေဒပါရဂူ ဗိုလ်ကြီးအောင်မျိုးသူနှင့် ကုသရေးအဖွဲ့ဝင် ၁၇ ဦးတို့က ကျန်းမာရေးစစ်ဆေးကုသမှု များဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါးများကိုပါ အခမဲ့တစ်ပါတည်း ပေး အပ်ခဲ့ကြောင်းသိရသည်။ အဆိုပါနယ် လှည့်ကုသရေးအဖွဲ့အား တပ်မ ၆၆ ယာယီ ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီးတင့်နိုင် ထွန်း၊ နယ်မြေခံ ဒုတပ်ရင်းမှူး ဗိုလ်မှူး မင်းဝဏ္ဏလွင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါဆေးကုသ ရေးလုပ်ငန်းများအား မြို့နယ်ဓမ္မစကူးလ် ဆရာဦးကျော်ငွေလင်း၊ ဆရာမဒေါ်ဆွေ ဆွေသင်းနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ က ကြီးကြပ်ကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။