images
UN
UN
ရှေ့တန်းပြန်တပ်မတော်သားများအားကြိုဆို
ကျော်လွင်ဦး (ကောလင်း) Saturday, 13 July 2019
စစ်ကိုင်းတိုင်းဒေသကြီး ဝန်းသိုမြို့အမှတ်(၁၂ဝ)ခြေမြန်တပ်ရင်းရှေ့ တန်းပြန်တပ်မတော်သားများကို ယနေ့မွန်းလွဲ ၁နာရီက ကြိုဆိုခဲ့ကြ သည်။ ကြိုဆိုရေးကို ဝန်းသိုမြို့နှင့်ကောလင်းမြို့ပေါ်မှ ဌာနဆိုင်ရာများ၊ ပြည်သူ့ရဲတပ်ဖွဲ့များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ၊ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှအမှုဆောင်များ၊ ပါတီဝင်များ လှိုက်လှိုက်လှဲလှဲကြိုဆိုနှုတ်ဆက်၍ ပန်းကုံးနှင့် အချိုရည်များဖြင့် ရှေ့တန်းပြန်ရဲဘော်များအား ပေးကမ်းခဲ့ကြသည်။