images
UN
UN
ပြည်ခိုင်ဖြိုးပါတီ စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း ရေနွေးကြမ်းစကားဝိုင်း တက်ရောက်ဆွေးနွေး
မောင်မောင်မြင့် (ချောင်းဦး) Saturday, 13 July 2019
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရေနွေးကြမ်းစကားဝိုင်းဆွေးနွေးပွဲကို မှန်ချိုကျေးရွာအုပ်စု ဦးသန့်ဇော်နေအိမ်၌ ယနေ့နံနက် ၁ဝ နာရီက ကျင်းပရာ ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းတက်ရောက်ကာ ယနေ့နိုင်ငံရေးအခြေအနေများ ရှင်း လင်းဆွေးနွေးခဲ့သည်။
ထို့နောက်ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုးက နိုင်ငံသားများ၏ရပိုင်ခွင့် အခွင့်အရေးများနှင့် တာဝန်များကို ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးသောင်းထိုက်က မိမိတို့ပါတီ၏ရပ်တည်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကိုဆွေးနွေးခြင်း၊ မြို့နယ်ပါတီကော်မတီဝင် ဦးမောင်မောင်မြင့် က ယနေ့ဒီမိုကရေစီနှင့် (၂ဝဝ၈)ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မြန်မာ့တပ်မတော်အခန်းကဏ္ဍတို့ကို တက်ရောက်လာသူများနှင့် အပြန် အလှန်ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲတက်ရောက်လာသူများကလည်း ဖွဲ့စည်းပုံပြင်ဆင်ခြင်း၊ ပျက်ပြယ်ခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့ စည်းပုံအခြေခံဥပဒေ၊ အနာဂတ်မြန်မာနိုင်ငံစသည့် အကြောင်းအရာများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း၊ မုံရွာခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသောင်းထိုက်၊ မြို့နယ်အတွင်းရေးမှူး ဦးမျိုးမြင့်ဦး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ မှန်ချိုကျေးရွာမှ ရပ်ကျေးပါတီ ဥက္ကဋ္ဌနှင့်ပါတီဝင်များနှင့် ပြည်သူများတက်ရောက်ပြီး ရင်းနှီးနွေးထွေးစွာဆွေးနွေးခဲ့သည်။