images
UN
UN
ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်း ရေးမှူးနှင့်အဖွဲ့သုံးခွမြို့နယ် ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံ
Saturday, 13 July 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ပါတီဗဟိုအလုပ်အမှု ဆောင် ဦးလှသိန်းတို့နှင့်အတူပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်း မြင့်ဆွေ၊ သင်္ဃန်းကျွန်းမြို့နယ်ပါတီ ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်မော်တို့သည် ယနေ့ နံနက် ၁ဝနာရီက ရန်ကုန် တိုင်းဒေသကြီးသုံးခွမြို့နယ်ပြည်ခိုင် ဖြိုးပါတီရုံးတွင် ကျင်းပသော ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ သုံးခွ မြို့နယ်ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။အခမ်းအနားကိုနိုင်ငံတော်အလံအလေး ပြု၍ နိုင်ငံတော်သီချင်းသီဆိုကာ ဖွင့်လှစ် ခဲ့ပြီး ပါတီဗဟိုအတွင်းရေးမှူးဦးပိုက်ထွေး က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်း မြင့်ဆွေက ကလေးသူငယ်ဥပဒေနှင့်ပတ် သက်၍လည်းကောင်း၊သင်္ဃန်းကျွန်းမြို့နယ် ပါတီဥက္ကဋ္ဌဒေါ်မြင့်မြင့်မော်က အမျိုးသား ရေးဖိနှိပ်မှုများနှင့်ပတ်သက်၍လည်းကောင်း၊ ပါတီဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍လည်း ကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် အခမ်းအနားတက်ရောက် လာကြသောပါတီဝင်များက ရှင်းလင်းမှု မရှိသည်များအားမေးမြန်းမှုကို ပါတီဗဟို အလုပ်အမှုဆောင်ဦးလှသိန်းက ပြန်လည် ရှင်းလင်းပြောကြားခဲ့ကာ အခမ်းအနားကို အောင်မြင်စွာပြီးဆုံးခဲ့ကြောင်း သိရသည်။
ထို့နောက် ပါတီဗဟိုအတွင်းရေးမှူး နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပျဉ်းမကန် စံပြကျေးရွာသို့သွားရောက်၍ ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ၊ ပါတီဝင်များနှင့် တွေ့ဆုံစကားဝိုင်းဖွဲ့ခဲ့ကြ သည်။ ပါတီဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့က တက်ရောက်လာသူများအား နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကြမ်း၊လက်ရှိ စီးပွားရေးအခြေအနေများကို ဆွေးနွေးခဲ့ ကြသည်။
တက်ရောက်လာသူများ၏ မေးမြန်း ချက်များကို ပါတီဗဟိုအတွင်းရေးမှူးနှင့် အဖွဲ့က ရင်းရင်းနှီးနှီးစကားဝိုင်းဖြင့် ပြန် လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။