images
UN
UN
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကြမ်းအား ရွှေဘိုတွင် ကန့်ကွက်ဆန္ဒဖော်ထုတ်
Sunday, 14 July 2019
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီဘက်စုံခြံဝင်း၌ ယနေ့နံနက် ၈ နာရီမှ ၁၁ နာရီအထိ နိုင်ငံတော်၏ ရှေ့ရေးအတွက် အသက်တမျှအရေးကြီးလှသော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေမူကြမ်းအပေါ် ကန့်ကွက်ရှုတ်ချခြင်း လူထုဆန္ဒဖော် ထုတ်ပွဲကျင်းပခဲ့သည်။ ရှေးဦးစွာအခမ်းအနားသို့ တက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုပြီးနိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ အခမ်းအနားကိုဖွင့်လှစ်သည်။ဆက်လက်ပြီး ရှေ့နေဦးအေးပိုင်က နိုင်ငံတော်ရှေ့ရေးအတွက် အသက်တမျှ အရေးကြီးလှတဲ့ကလေးသူငယ်အခွင့်အရေး များဆိုင်ရာဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး နိုင်ငံအတွက်ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုး များအား ပြည်သူများသိရှိနိုင်ရန် ဆွေးနွေး ဟောပြောသည်။
ဟောပြောပွဲအပြီးတွင် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး ဒို့အရေး ဒို့ အရေး၊ပြည်ထောင်စုလွှတ်တော်မှအတည် ပြုထားသော ကလေးသူငယ်အခွင့်အရေး များဆိုင်ရာဥပဒေအား ပြန်လည်စိစစ်ပေး ရေး ဒို့အရေး ဒို့အရေး၊ ကလေးမွေးစားခွင့် အား ၁၉၈၂ ဥပဒေနှင့်အညီပြဋ္ဌာန်းနိုင်ရေး ဒို့အရေး ဒို့အရေး၊ ကလေးသူငယ်အခွင့် အရေးဥပဒေကိုဥပဒေနှင့်အညီပြင်ဆင်ရေး ဒို့အရေး ဒို့အရေးဟူ၍ သံပြိုင်ကြွေးကြော် ကာ အခမ်းအနားကို ပြီးမြောက်ခဲ့ကာ ဘက်စုံခြံဝင်းမှ အမှတ်(၁ဝ)ရပ်ကွက် တတိယမြန်မာနိုင်ငံတော်ကို တည်ထောင် ခဲ့သောအလောင်းမင်းတရားကြီး ဦးအောင် ဇေယျရုပ်တုအထိ ဆန္ဒဖော်ထုတ်ခဲ့ကြ သည်။
စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ရာ တွင် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ ရေး ဒို့အရေး ဒို့အရေး၊ ပြည်ထောင်စု လွှတ်တော်မှအတည်ပြုထားသော ကလေး သူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအား ပြန်လည်စိစစ်ပေးရေး ဒို့အရေး ဒို့အရေး၊ ကလေးမွေးစားခွင့်အား ၁၉၈၂ ဥပဒေနှင့် အညီ ပြဋ္ဌာန်းနိုင်ရေး ဒို့အရေး ဒို့အရေး၊ ကလေးသူငယ်အခွင့်အရေးဥပဒေကိုဥပဒေ နှင့်အညီပြင်ဆင်ရေး ဒို့အရေး ဒို့အရေး၊ တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွား ပျက်စီးစေမည့်ဥပဒေအား အလိုမရှိ၊ နိုင်ငံ ခြားသားကလေးအား မွေးစားပြီး တိုင်းရင်း သားအခွင့်အရေးပေးမည့်အကြံ ဒို့လက်မခံ စသည့် ဗီနိုင်းပိုစတာများကိုကိုင်ဆောင်၍ ကြေွးေကြာ်ကာစည်းကမ်းတကျ ဥပဒေနဲ့ အညီ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ဒေသခံ ပြည်သူလူထုနဲ့ အမျိုးသားရေးသမားများ က ဆန္ဒဖော်ထုတ်ကန့်ကွက်ခဲ့ကြောင်း သိရသည်။