images
UN
UN
ဖြိုးစေတနာအခမဲ့နယ်လှည့်ဆေးကုသအဖွဲ့ ပြည်သူများအားကျန်းမာရေးစောင့်ရှောက်
သူရအောင် Sunday, 14 July 2019
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ၏စီမံမှုဖြင့် ဖြိုးစေတနာ အခမဲ့နယ်လှည့်ဆေးကုသအဖွဲ့သည် သွားလာခက်ခဲသည့် ကျေးရွာ များသို့ကွင်းဆင်းကုသပေးလျက်ရှိရာ ရန်ကုန် တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ဒလ မြို့နယ် စံပြတံတားချောင်းကျေးရွာရှိ စံပြ သီရိဇေယျာရုံဘုန်းတော်ကြီးကျောင်းတိုက် အတွင်း၌ ယနေ့နံနက်ပိုင်းက ဒေါက်တာ ရီရီဝင်း ဦးဆောင်သော ဆေးကုသအဖွဲ့မှ ဒေသခံများအား အခမဲ့ဆေးကုသရေးလုပ် ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဆေးကုသဆောင်ရွက်မှုကို ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီဝင် ဦးရန် နိုင်ရွှေ ဦးဆောင်သော ခရိုင်ပါတီကော် မတီအဖွဲ့များ၊ ဒလမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ ကျေးရွာရှိရပ်မိရပ်ဖများက ကူညီဆောင် ရွက်ပေးခဲ့ကြပြီး ကျေးရွာအတွင်းနှင့်အနီး ဝန်းကျင်ကျေးရွာများရှိ လူနာ မ ၈ဝ၊ ကျား ၇ဝ စုစုပေါင်း ၁၅ဝတို့အား ကုသပေးခဲ့ ကြောင်း သိရသည်။