images
UN
UN
ကျောက်ကြီးမြို့နယ်၌ နိုင်ငံသားမဟုတ်သည့် ကလေးသူငယ်များကို တရားဝင်မွေးစားခွင့်ရရှိစေမည့်ဥပဒေအား ကန့်ကွက်ကြောင်းဆန္ဒဖော်ထုတ်
ကိုသားကြီး(ကျောက်ကြီး) Sunday, 14 July 2019
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီး မြို့နယ်၌ ယနေ့ နံနက် ၉ နာရီက'' ၂ဝ၁၉ ခုနှစ် ဇွန် ၇ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က မဲခွဲဆုံးဖြတ်အတည်ပြုခဲ့ သောကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပြင်ဆင်ချက်အရ တိုင်းရင်းသား မဟုတ် နိုင်ငံသားမဟုတ်သည့် ကလေး သူငယ်များကို တရားဝင်မွေးစားခွင့်ရရှိစေ မည့်ဥပဒေအား ကန့်ကွက်ကြောင်း'' ရည် ရွယ်ချက်ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆန္ဒဖော်ထုတ်ခြင်းကို မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးရှေ့မှ ကျောင်းလမ်း၊ ဇီဇဝါလမ်း၊ ရွှေကျင်လမ်း၊ ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်းနှင့် ဗျူဟာလမ်းများ အတိုင်း ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင် ကာ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ ရေး- ဒို့အရေး ဒို့အရေး၊ အမျိုးဘာသာ သာသနာတည်တံ့ခိုင်မြဲရေး - ဒို့အရေး ဒို့အရေး၊ လူမျို၍ တို့လူမျိုးမပျောက်ကွယ် ရေး- ဒို့အရေး ဒို့အရေး၊ နိုင်ငံတကာအလို ကျဆောင်ရွက်မှုများရပ်တန့်ရေး - ဒို့ အရေး ဒို့အရေး၊ ပြည်ပအကြံ သြဇာခံ များဆန့်ကျင်ရေး - ဒို့အရေး ဒို့အရေး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ အား ပြန်လည်စိစစ်ပေးရေး - ဒို့အရေး ဒို့အရေး၊ နိုင်ငံသားမဟုတ်သော ကလေး မွေးစားခွင့်ဥပဒေဖျက်သိမ်းရေး - ဒို့အရေး ဒို့အရေး စသည့်ြေ<ွကးကြော်သံများကြွေး ကြော်၍ ပြည်သူများက ဆန္ဒဖော်ထုတ်ခဲ့ ကြပြီး နံနက် ၁ဝ နာရီခွဲတွင် ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။