images
UN
UN
ဗစ်တိုးရီးယားအမှု တရားမျှတမှုရှိစေရေး နိုင်ငံတစ်ဝန်း ဆန္ဒဖော်ထုတ်
သက်မောင် Sunday, 14 July 2019
ကျောက်ဆည်မြို့တွင် ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂလိကကျောင်းတွင် ဖြစ်ပွားခဲ့သည့် မူကြိုကျောင်းသူ ဗစ်တိုးရီးယားအမှု တရားမျှတမှုရှိစေရေး ဆန္ဒဖော်ထုတ်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆန္ဒဖော်ထုတ်သူများသည် ကျောက်ဆည်မြို့ ဆင်အကအလှပြိုင်ကွင်းတွင် စတင်လူစုပြီး ဦးကျော်ဖေလမ်းမှ ရန်ကုန်-မန္တလေး ကားလမ်းအတိုင်း မြို့လယ်နာရီစင်၊ ထိုမှတစ်ဆင့် တောင်ခြေပတ်လမ်း၊ မြို့မဈေးဘေးမှတစ်ဆင့် ဆင်ပြိုင်ကွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။ဆန္ဒဖော်ထုတ်သူများသည် ဗစ်တိုးရီးယားအတွက် တရားမျှတမှု ရှာဖွေ ပေးပါ၊ ကလေးငယ်များအတွက် လွတ်လပ်လုံခြုံသော ပတ်ဝန်းကျင် ကို ဖန်တီးပေးပါ၊ နောက်ထပ်ဗစ်တိုးရီးယား အလိုမရှိ စာသားပါ ဗီနိုင်းဆိုင်းဘုတ်များကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။