images
UN
UN
ဗစ်တိုးရီးယားအမှု တရားမျှတမှုရှိစေရေး နိုင်ငံတစ်ဝန်း ဆန္ဒဖော်ထုတ်
Sunday, 14 July 2019
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ ယနေ့နံနက် ၉ နာရီခွဲက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားအဖွဲ့မှ ဦးထွန်းထွန်းဦးနှင့် မြို့ပေါ်အခြေပြု လူမှုရေးလှုပ်ရှားဆောင်ရွက်သည့် အဖွဲ့အစည်းများ စုပေါင်းကာ နေပြည်တော်၌ ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှု ဗစ်တိုးရီးယားအမှုတွင် အမှုမှန်ပေါ်ပေါက်စေရေးအတွက် လှည့်လည်ဆန္ဒဖော်ထုတ်ပွဲ ကျင်းပခဲ့သည်။ အဆိုပါ အဖွဲ့သည် မြို့တော်ခန်းမရှေ့တွင် စုစည်းပြီး တီရှပ် အဖြူရောင်ဆင်တူဝတ်ဆင်ကာ တရားဥပဒေစိုးမိုးရေး--ဒို့အရေး၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ပပျောက်ရေး--ဒို့အရေး၊ကလေးသူငယ်များအတွက် လုံခြုံသည့်ပတ်ဝန်းကျင်ရရှိရေး- ဒို့အရေး၊ ဗစ်တိုးရီးယားအမှု အမှန်တရားပေါ်ပေါက်ရေး- ဒို့အရေး ဆိုင်းဘုတ် များကိုင်ဆောင်ကာ ကမ်းနားလမ်းအတိုင်း ထိုမှရွှေစေတီလမ်း၊ ကုန်သည် လမ်း၊ ဗလီလမ်း၊ ကမ်းနားလမ်းဘက်ပြန်ဝင်ပြီး မကျည်းပင်လမ်း ရွှေစည်းခုံဘုရား၌ စုစည်းကာ ကြေွးေကြာ်သံများဖြင့် ဟစ်ကြေွးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယနေ့ဆန္ဒဖော်ထုတ်ပွဲကို သက်ဆိုင်ရာသို့ တရားဝင်တင်ပြဆောင်ရွက် ခဲ့ရာ လမ်းတစ်လျှောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယာဉ်စည်းကမ်း လမ်း စည်းကမ်းထိန်းသိမ်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပုသိမ်ကိုကိုလတ်