images
UN
UN
ဗစ်တိုးရီးယားအမှု တရားမျှတမှုရှိစေရေး နိုင်ငံတစ်ဝန်း ဆန္ဒဖော်ထုတ်
Sunday, 14 July 2019
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မြို့တွင် လိင်အကြမ်းဖက်ခံရသည့် ဗစ် တိုးရီးယားကလေးငယ်အတွက် အမှုမှန် အမြန်ဆုံးဖော်ထုတ်ပေးရန် ပြည်သူများ က ယနေ့နံနက် ၉ နာရီခန့်တွင် ဆန္ဒဖော် ထုတ်တောင်းဆိုခဲ့ကြသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင် သူ လားရှိုးမြို့ (၄)ရပ်ကွက် အာရုံတော် ရပ်ကွက်အတွင်းနေထိုင်သူ ပြည်သူတစ်ဦး ဖြစ်သည့် ဒေါ်ဇင်မာဝင်းက ''ကျွန်မ က သမီးလေးနှစ်ယောက် မွေးထားတာ ပါ။ ဒီ နှစ်နှစ်သုံးနှစ်အတွင်း သက်ငယ် မုဒိမ်းမှုတွေကို ရက်ဆက်နီးပါး ကြားနေ ရတာ အရမ်းစိတ်မချမ်းမသာ ဖြစ်ရပါ တယ်။ကိုယ့်သမီးလေးတွေကိုလည်း စိတ်အရမ်းပူတယ်။ အခုဆိုရင် ကျွန်မမှာ ဟိုနားဒီနားကိစ္စရှိလို့ ခဏသွားဖို့တောင် အိမ်မှာကျန်ခဲ့တဲ့သမီးလေးတွေကို မိသားစုအတွင်းက ကိုယ့်လင် ကိုယ့်သား ကိုယ့်ဦးလေးတင်မက နောက် ဆုံး ကိုယ့်အဖေနဲ့တောင်စိတ်မချဖြစ်ရတဲ့အထိ စိတ်ဒုက္ခတွေရောက်နေရပါ တယ်။ ငရဲလည်း အင်မတန်မှကြီးရပါတယ်။ မုဒိမ်းမှုတွေဖြစ်လာရင် အမှုမှန်ပေါ်တာလည်း နည်းတယ်။ ဒီနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုအရမ်း အားနည်းပြီးတော့ လူရောစိတ်ရော မလုံခြုံဘူးလို့ ခံစားရတယ်။ အခု ဖြစ်သွားတဲ့ ကလေးငယ်လေးကိုလည်း ကိုယ့်သမီးလေးဆိုတဲ့ ကိုယ်ချင်း စာစိတ်နဲ့ အရမ်းကို စိတ်မကောင်းဖြစ်ရတယ်။ တာဝန်ရှိသူတွေအနေနဲ့ သားသမီးချင်း စာနာနားလည်စိတ်ထားပြီး မိန်းကလေးတွေရဲ့ဘဝကို လုံခြုံစေဖို့ ဥပဒေစိုးမိုးအောင် ဆောင်ရွက်ပေးပါ။ အဂတိတရားကင်းရှင်း စွာ ဒီအမှုကို အမှန်ဆုံးနဲ့အမြန်ဆုံးပေါ်ပေါက်အောင်နဲ့ သက်ငယ်မုဒိမ်းမှုတွေ ပပျောက်အောင် အမြန်ဆုံးဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်'' ဟု ပြောသည်။
အဆိုပါ ဆန္ဒဖော်ထုတ်မှုကို လားရှိုးမြို့ ရပ်ကွက်(၄)ဗောဓရုံ ကျောင်း တိုက်တွင် စတင်စုဝေးပြီး ဗီနိုင်းပါစာသားများဖြစ်သည့် ဗစ်တိုးရီးယား အတွက် တရားမျှတမှုရရှိစေရေး၊ လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေ စိုးမိုးစေရေး၊ မျိုးဆက်သစ်များအတွက် လွတ်လပ်လုံခြုံစိတ်ချရသည့် လူ့အဖွဲ့အစည်းတစ်ခု ဖန်တီးပေးရေးနှင့် နောက်ထပ်ဗစ်တိုးရီးယားများ အလိုမရှိ စသည်တို့ကို ဟစ်ကြေွးကာ မြို့မဈေး-ဘူတာလမ်းအတိုင်း လှည့်လည်စီတန်းကာ မဇ္ဈိမစားသောက်ဆိုင်အထိ ချီတက်လမ်းလျှောက် ၍ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မေနဒီမြနွယ်