images
UN
UN
ဗစ်တိုးရီးယားအမှု တရားမျှတမှုရှိစေရေး နိုင်ငံတစ်ဝန်း ဆန္ဒဖော်ထုတ်
Sunday, 14 July 2019
ပြည်ထောင်စုနယ်မြေ သပြေ ကုန်းရှိ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းမှ ဗစ်တိုးရီးယားဟု အမည်ပေးထားသော အသက် (၂) နှစ်(၁၁)လအရွယ် ကျောင်းသူ ကလေးငယ်လိင်အကြမ်းဖက်ခံရသည့်အမှုအတွက် တရားမျှတမှုရရှိစေရန်နှင့် အမှုမှန် ဖော်ထုတ်ပေးရန် နေပြည်တော် လယ်ဝေးမြို့၌ ယမန်နေ့က လှည့်လည်ဆန္ဒပြ တောင်းဆိုခဲ့ကြောင်း သိရသည်။ အဆိုပါ ဆန္ဒပြတောင်းဆိုမှုကို နေပြည်တော် လယ်ဝေးမြို့ ဖောင် တောင်ချက်မဘုရား၌ စတင်စုဝေးပြီး မြို့တွင်းတစ်ပတ်ြေ<ွကးကြော်သံ များ ကြေွးေကြာ်ကာ လမ်းလျှောက်ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း သိ ရသည်။
ဗစ်တိုးရီးယားဟု အမည်ပေးထားသော ကလေးငယ်အတွက် တရား မျှတမှု ရရှိစေဖို့၊ လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေစိုးမိုးစေဖို့၊ မျိုးဆက် သစ်များအတွက် လွတ်လပ်လုံခြုံစိတ်ချရသည့် လူ့အဖွဲ့အစည်းတစ်ခု ဖန်တီးပေးဖို့အပြင် နောက်ထပ်ဗစ်တိုးရီးယားကဲ့သို့ ကလေးငယ်များ မပေါ်ပေါက်စေဖို့ တောင်းဆိုခဲ့ကြောင်း သိရသည်။
ဗစ်တိုးရီးယားအမှုတွင် တရားစွဲတင်ထားသူသည် တရားခံအစစ် အမှန် ဟုတ်၊ မဟုတ်ဆိုခြင်းက ပြည်သူများကို တိတိကျကျ ချမပြသေး ခြင်းကြောင့် ပြည်သူများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခံစားချက် ပြင်းထန်လာသည့်အတွက် ပြည်သူများရှိသည်ဆိုခြင်းကို ဖော်ထုတ်သည့် ပွဲဖြစ်ကြောင်း ဦးဆောင်ဆန္ဒဖော်ထုတ်သူတစ်ဦးဖြစ်သော ကိုအောင်နိုင် က ပြောသည်။ နောက်ထပ်ဗစ်တိုးရီးယားများ မပေါ်ပေါက်ဖို့မျှော်လင့်ပြီး နိုင်ငံတော်အကြီးအကဲများအနေဖြင့် အမှုမှန်ပေါ်ပေါက်အောင် ကူညီပေးစေ ချင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့သူ မချောချောက ပြောသည်။ သူရကို