images
UN
UN
H1N1 ရောဂါကြောင့် သေဆုံးသူများထဲတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူအများဆုံးပါဝင်
NG Monday, 15 July 2019

မြန်မာနိုင်ငံအတွင်း၌ ရောဂါ ကူးစက်ပြန့်ပွားမှုများ ဖြစ်ပွားလျက် ရှိသည့်ံH1N1 ရောဂါကြောင့် သေဆုံးသူများထဲတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ နေထိုင်သူများ အများဆုံးပါဝင်ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြသည်။
လက်ရှိအချိန်အထိH1N1 ရောဂါကူးစက်ခံရကြောင်း အတည် ပြုနိုင်သူ ၂၄၄ဦးရှိခဲ့ပြီး သေဆုံးသူ ၄၃ဦး ရှိနေပြီဖြစ်သည်။ သေဆုံး သူများထဲတွင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း၌ နေထိုင်သူ ၃၅ဦး အထိ ပါဝင်နေသောကြောင့် ရန်ကုန်တိုင်းဒေသကြီးသည် လက် ရှိဖြစ်ပွားလျက်ရှိသောံH1N1 ရောဂါကူးစက်ပြန့်ပွားမှုကြောင့် သေဆုံးသူအများဆုံးဒေသအဖြစ် ရပ်တည်လျက်ရှိသည်။ အခြား သေဆုံးသူများမှာ ဧရာဝတီတိုင်း ဒေသကြီးအတွင်း၌ နေထိုင်သူ နှစ်ဦး၊ ပဲခူးတိုင်းဒေသကြီးအတွင်း၌ နေထိုင်သူနှစ်ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း၌ နေထိုင်သူ နှစ်ဦးနှင့် ရှမ်းပြည်နယ်တွင် နေ ထိုင်သူ တစ်ဦးဖြစ်ကြောင်း ကျန်း မာရေးနှင့်အားကစားဝန်ကြီးဌာနက အတည်ပြုထားသည်။ ၂ဝ၁၇ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံ တွင် H1N1 ရောဂါကူးစက်ပြန့် ပွားမှုများ ဖြစ်ပွားခဲ့ဖူးသည်။ ၂ဝ၁၇ ခုနှစ်အတွင်း၌ ဖြစ်ပွားခဲ့ သောဖြစ်စဉ်တွင်ံH1N1 ရောဂါ ကူးစက်ခံရသူ ၄ဝ၈ဦးအထိ ရှိခဲ့ ပြီး သေဆုံးသူဦးရေ ၃၈ဦးသာ ရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာနက အတည်ပြု ခဲ့သည်။