images
UN
UN
(၁၃)ကြိမ်မြောက် ပြည်သူ့လွှတ်တော်အစည်းအဝေးကာလအတွင်း အခြေခံပညာရေးဥပဒေကြမ်းအပါအဝင် ဥပဒေကြမ်း ၁၄ခု ဆွေးနွေးမည်
တင်တင်အေး Monday, 15 July 2019
ဒုတိယအကြိမ် ပြည်သူ့လွှတ် တော်(၁၃)ကြိမ်မြောက် ပုံမှန် အ စည်းအဝေးကာလအတွင်း အခြေခံ ပညာရေးဥပဒေကြမ်း အပါအဝင် ဥပဒေကြမ်း ၁၄ ခုကို ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယနေ့ အတည်ပြုပြောကြားလိုက်သည်။
လွှတ်တော်ဥက္ကဋ္ဌက ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ လွှတ် တော်အဆောက်အအုံတွင် ကျင်းပ သော ဒုတိယအကြိမ်ပြည်သူ့လွှတ် တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေးပထမနေ့ အစည်း အဝေးအစီအစဉ်တွင် ကြိုဆိုနှုတ် ခွန်းဆက်စကားပြောကြားရာ၌ အထက်ပါအတိုင်းထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ''(၁၃)ကြိမ်မြောက်ကာလအတွင်း မှာဆွေးနွေးကြရမယ့် ဥပဒေကြမ်း ၁၄ ခုရှိပါတယ်။ အဆိုများအနေနဲ့ (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး ကာလအတွင်းမှာတင်သွင်းခဲ့ပြီး ဆွေးနွေးရန်ကျန်ရှိ အဆို သုံးခုနှင့် အသင့်ဖြစ်အဆို ၁၂ ခုရှိတဲ့အတွက် ဆွေးနွေးရန် အဆိုစုစုပေါင်း ၁၅ ခုရှိပါတယ်။ အသင့်ဖြစ်ကြယ်ပွင့် ပြမေးခွန်း ၁ဝ၉ ခုရှိပါတယ်။ ယခင်အကြိမ်များက ကျန်ရှိခဲ့တဲ့ ကြယ်ပွင့်ပြမေးခွန်း၂၂ဝရှိတဲ့အနက် မေးခွန်း ၁၁၅ ခုကို အစည်းအဝေး ကာလအတွင်းမှာ ဆက်လက် ဆောင်ရွက်ရန်လျာထားပြီး မေးခွန်း ၁ဝ၅ ခုကိုစာဖြေဖြင့် ဆောင်ရွက် ထားပြီးဖြစ်ပါတယ်''ဟုထည့်သွင်း ပြောကြားခဲ့သည်။ အခြေခံပညာ ရေးဥပဒေကြမ်းသည် ပြီးခဲ့သည့် အစိုးရလက်ထက်က အသေးစိတ် စိစစ်ဆွေးနွေးရန်အချိန်မလုံလောက် ခဲ့သဖြင့်ခေတ္တဆိုင်းငံ့ခဲ့ရသောဥပဒေ ကြမ်းတစ်ခုလည်းဖြစ်သည်။
အဆိုပါ ဆွေးနွေးသွားရန် ကျန်ရှိနေသော ဥပဒေကြမ်းများ ထဲတွင်လယ်ယာမြေဥပဒေကို ပြင် ဆင်သည့်ဥပဒေကြမ်း၊ ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်း၊ အခြေခံပညာရေး ဥပဒေကြမ်း၊ အိမ်ခြံမြေ ဝန်ဆောင် မှုဥပဒေကြမ်း၊ ပညာရေး သုတေ သန၊စီမံကိန်းနှင့်လေ့ကျင့်ရေးဥပဒေ ကြမ်း၊မြန်မာနိုင်ငံလူမွဲ ခံယူခြင်း ဆိုင်ရာဥပဒေကြမ်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင် သည့်ဥပဒေကြမ်း(၂ဝ၁၉) စသည် တို့ပါဝင်ကြောင်း လွှတ်တော်စောင့် ကြည့်လေ့လာရေးအဖွဲ့၏စာရင်း များအရ သိရသည်။