images
UN
UN
ငွေကျပ် ၉၂၅ သိန်းတန်ဖိုးရှိ စိတ်ြ<ွကရူးသွပ်ဆေးပြားများ ဆိုင်ကယ်ကာဘာနှင့် အဖုံးများအတွင်းမှရှာဖွေတွေ့ရှိ
မိုဃ်းကျ(မြစ်ကြီးနား) Tuesday, 16 July 2019
စစ်ကိုင်းတိုင်းဒေသကြီး နဘား လမ်းဆုံတွင် ယမန်နေ့က ကသာ မြို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့စု(၆)၏ သတင်းရယူ ဖော်ထုတ်မှုဖြင့် ငွေကျပ် ၉၂၅ သိန်း တန်ဖိုးရှိစိတ်ြ<ွကရူးသွပ်ဆေးပြား များကို ဆိုင်ကယ်ကာဘာများအ တွင်းမှ ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်တပ်ဖွဲ့စု(၆)၏ မှတ်တမ်း များအရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲ ပိုင်းက ကသာမြို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(၆) မှ ရဲအုပ်ကျော်မင်းထွန်းဦးဆောင် သည့်တပ်ဖွဲ့ဝင်များသည် မူးယစ် ဆေးဝါးသတင်းအရ စစ်ကိုင်း တိုင်းဒေသကြီး ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးရှိ နဘား ကျေးရွာလမ်းဆုံတွင် ကြိုတင် စောင့်ဆိုင်းခဲ့စဉ် အင်းတော်မြို့မှ မိုးညှင်းမြို့သို့ မူးယစ်ဆေးဝါးကြို တင်သတင်းရရှိထားသည့် နော် ဘောက်(ခ)မာနော်မောင်းနှင်သည့် ဆိုင်ကယ်ကို စစ်ဆေးရန်တားဆီး စဉ်ဆိုင်ကယ်ကိုမရပ်ဘဲမောင်းနှင် ထွက်ပြေးရာဖမ်းဆီးရေးအဖွဲ့သည် နောက်မှလိုက်ပြီး ဖမ်းဆီးရာတွင် နော်ဘောက်(ခ)မာနော်အားပင့်တင် ရွာနှင့်ပင်ဝယ်ရွာအကြားရှိ မိုင်တိုင် အမှတ် ၂၅ဝ ကီလိုမီတာနှင့်၂၅၁ ကီလိုမီတာအကြားတွင် လုံးထွေး ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်ရှာဖွေ စစ်ဆေးရာတွင် ဆိုင်ကယ်ဒူးကာ နှစ်ဖက်၊ ရှေ့မီးခွက်၊ လေစစ်ဘူး၊ ဆိုင်ကယ်ဝင်ရိုးတို့တွင် လျှို့ဝှက် သယ်ဆောင်လာသည့် အပြာရောင် ကပ်ခွာအိတ် ၁ဝဝအတွင်းမှ ကာလ တန်ဖိုးငွေကျပ် ၉၂၅ သိန်းတန်ဖိုးရှိ စိတ်ြ<ွကရူးသွပ်ဆေးပြား ၁၈၅ဝဝ၊ နော်ဘောက်(ခ)မာနော် အမည်ပါ နိုင်ငံသားစိစစ်ရေးကတ်နှင့် လက် ကိုင်ဖုန်းနှစ်လုံးတို့ကို ရှာဖွေဖမ်းဆီး ရမိခဲ့သည်။
ဖြစ်စဉ်ကြောင့် မူးယစ်ဆေး ဝါးများနှင့်အတူတွေ့ရှိသည့် နော် ဘောက်(ခ)မာနော်(၂၈နှစ်) အား စစ်ကိုင်းဒေသကြီး မော်လူးနယ် မြေရဲတပ်ဖွဲ့စခန်းမှမူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသော ဆေး ဝါးများဥပဒေအရ အမှုဖွင့်အရေး ယူထားကြောင်း သက်ဆိုင်ရာမှ သိရသည်။