images
UN
UN
ရေးမြို့နယ် ခေါဇာမြို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
နိုင်နိုင်(မွန်) Tuesday, 16 July 2019
မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာနယ်မြေရဲစခန်းမှ ရဲအုပ် စိုးသက်ခိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ သည် ယမန်နေ့ ည ၇ နာရီ မိနစ် ၂ဝ တွင် မူးယစ်ဆေးဝါး သတင်း အရ သက်သေများနှင့်အတူ ရေး မြို့နယ် ခေါဇာမြို့ ကဗျာဝကျေးရွာ ရပ်ကွက်(၄)နေ ဦးဖ(၅၅နှစ်)၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ၄င်းနေအိမ် ဘုရားစင်အောက် အံခွက်အတွင်းမှ အပြာရောင်ကပ် ခွာအိတ်ဖြင့် ထည့်လျက် WY စာ တန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၁၉ဝ ၊ အလေးချိန် ၁၉ ဂရမ်၊ခန့်မှန်းကာလတန်ဖိုးငွေကျပ် ၉၅ဝဝဝဝ၊WY စာတန်းပါအစိမ်း ရောင် စိတ်ကြွရူးသွပ်ဆေးပြားတစ် ပြား၊ အလေးချိန် သုည ဒသမ ၁ ဂရမ်၊ ခန့်မှန်းကာလတန်ဖိုးငွေ ကျပ် ၅ဝဝဝ၊ အပြာရောင်ကပ်ခွာ အိတ်ဖြင့်ထည့်လျက် WY စာတန်း ပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေး ပြား ၁၆၄ ပြား၊ အလေးချိန် ၁၆ ဒသမ ၄ ဂရမ်၊ခန့်မှန်းကာလတန် ဖိုးငွေကျပ် ၈၂ဝဝဝဝ၊ အပြာရောင် ကပ်ခွာအိတ်အတွင်းမှ အအေးစုပ် ပိုက်ဖြင့်တစ်ပြားစီထုပ်ပိုးထားသော WY စာတန်းပါ ပန်းရောင်စိတ် ကြွရူးသွပ်ဆေးပြား ၃ဝ ၊ အလေး ချိန်သုံးဂရမ်၊ စုစုပေါင်း ဆေးပြား ၃၈၅ ပြား၊ အလေးချိန် ၃၈ ဒသမ ၅ ဂရမ်၊ ခန့်မှန်းကာလတန်ဖိုးငွေ ကျပ် ၁၉၂၅ဝဝဝ အား သိမ်းဆည်း ရမိခဲ့ကြောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ လွန်ခဲ့ သော နှစ်ရက်ခန့်က ကဗျာဝ ကျေးရွာမြောက်ဘက်ရှိ ရော်ဘာခြံ အစပ်တွင် တွေ့ရှိသူ အမည်မသိ (မွန်အမျိုးသားတစ်ဦး)ထံမှ ဆေး ပြား ၆ဝဝ အား တစ်ပြားလျှင် ကျပ် ၂ဝဝဝ နှုန်းဖြင့် ဝယ်ယူခဲ့ပြီး ကျန်ရှိသော ဆေးပြားများဖြစ် ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ခေါဇာနယ်မြေရဲစခန်းမှဦးဖအပေါ် မယ(ပ) ၈/၂ဝ၁၉၊ မူးယစ်/စိတ် ပြောင်းဥပဒေပုဒ်မ ၁၉(က)ဖြင့် အရေးယူထားကြောင်း သိရသည်။