images
UN
UN
ဗန်းမောက်မြို့နယ်တွင် တမလန်းခွဲသားများတင်ဆောင်လာသော ပါဂျဲရိုးယာဉ်အရှိန်လွန်တိမ်းမှောက် ယာဉ်မောင်းထွက်ပြေး
ဆိုင်ကလုန်း Tuesday, 16 July 2019
စစ်ကိုင်းတိုင်းဒေသကြီး ဗန်း မောက်မြို့နယ်တွင် ယမန်နေ့က ဓားရွေတမလန်းတုံးခွဲသားများ တင်ဆောင်လာသော ပါဂျဲရိုးယာဉ် အရှိန်လွန်တိမ်းမှောက်ခဲ့ပြီး ယာဉ် မောင်းထွက်ပြေးတိမ်းရှောင်ခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ နံနက် ၁၁နာရီခွဲက ဗန်းမောက်မြို့နယ် မံစီကြီးနယ်မြေရဲစခန်းလိပ်စော ရဲကင်းစခန်းပိုင်နယ်မြေတွင် စခန်း မှူးဒုရဲအုပ်မျိုးခိုင်သည် တာဝန် ဆောင်ရွက်နေစဉ် ရွှေကျောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းသိန်းက တုံးပုတ်ရွာနှင့် ပါ အော့ရွာသွားကားလမ်း (တုံးပုတ် ရွာနှင့်နှစ်မိုင်ခန့်အကွာ)မြောက် ဘက်အောက်တောအနီးတွင်ဝဲဘက် ကားလမ်းရှိပေ ၅ဝခန့်နက်သည့် ချောက်ထဲတွင်ယာဉ်တစ်စီးထိုးကျ နေကြောင်း ဆက်သွယ်အကြောင်း ကြားလာသဖြင့် ရဲတပ်ဖွဲ့ဝင်များ နှင့်အတူသက်သေရွှေကျောင်းကျေး ရွာအုပ်ချုပ်ရေးမှူးဦးဝင်းသိန်းနှင့် တုံးပုတ်ကျေးရွာတာဝန်ခံ ဦးအောင် ပန်းတို့နှင့်အတူသွားရောက်စစ်ဆေး ခဲ့ရာ ချောက်ထဲကျနေသည့်ယာဉ် မှာ MDY- 9A/---PAJERO ဖြစ်ပြီး ယာဉ်ပေါ်တွင် အရှည် သုံးပေ ဒုလေးလက်မခန့်ရှိ တမ လန်းခွဲသားစုစုပေါင်း(သုည ဒသမ ဝ၄၅)တန်တင်ဆောင်ထားသည်ကို တွေ့ရှိရပြီး ယာဉ်မောင်းအားမတွေ့ ရှိရသဖြင့် အဆိုပါတမလန်းခွဲသား များအားသက်ဆိုင်ရာသစ်တောဘိ နယ်တာဝန်ခံတောအုပ်ကြီးဦးဇော် လင်းထံ လွှဲပြောင်းအပ်နှံခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ် အားပေါ့ဆစွာမောင်းနှင်ပြီး တမ လန်းခွဲသားများကိုသယ်ဆောင်လာ သူ(ထွက်ပြေး)အား ဗန်းမောက်မြို့ နယ် မံစီကြီးနယ်မြေရဲစခန်းမှ ယာဉ်(ပ)၄/၂ဝ၁၉၊ရာဇသတ်ကြီး ပုဒ် မ-၂၇၉ဖြင့် အမှုရေးဖွင့်ဆောင် ရွက်ထားကြောင်း သိရသည်။