images
UN
UN
မော်တော်ယာဉ်နှစ်စီးအတွင်း၌ အံဝှက်များပြုလုပ်၍ သိုဝှက်သယ်ဆောင်လာသောကျောက်စိမ်းအရိုင်းတုံးအရွယ်စုံ ၂၆၇ တုံးကိုဖမ်းဆီးရမိ
ဆိုင်ကလုန်း Tuesday, 16 July 2019
စစ်ကိုင်းတိုင်းဒေသကြီး အင်း တော်မြို့နယ် ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စုကားလမ်းမပေါ်တွင် ယမန်နေ့က မော်တော်ယာဉ်နှစ်စီး အတွင်း၌ အံဝှက်များပြုလုပ်၍ သို ဝှက်သယ်ဆောင်လာသောကျောက် စိမ်းအရိုင်းတုံးအရွယ်ဆိုက်စုံ ၂၆၇ တုံးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်က ဒုရဲအုပ်သက်ဦး မောင်နှင့်အဖွဲ့တို့သည် သက်သေ များနှင့်အတူ တရားမဝင်ကျောက် စိမ်းအရိုင်းတုံးများသယ်ဆောင်လာ ကြောင်းသတင်းအရစောင့်ဆိုင်းနေ စဉ် လယ်နောင်ကျေးရွာဘက်မှ ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ် သို့ ယာဉ်မောင်းရဲလင်းထွန်းမောင်း နှင်လာပြီး အောင်ကြည်သောင်း လိုက်ပါလာသောMDY- DD ---- နံပါတ်ပါ Greeu Star(KOR-EA) အမျိုးအစားအန်စာတုံးအဖြူ ရောင်ယာဉ်နှင့်ယာဉ်မောင်း အောင် ဇော်မောင်းနှင်လာပြီး ကျော်သူ လိုက်ပါလာသော YGN - 3L/----(HOND EDIT) ခဲရောင်ယာဉ် နှစ်စီးကို ရပ်တန့်ရှာဖွေစစ်ဆေးရာ ၄င်းယာဉ်နှစ်စီးတို့၏ ကြမ်းခင်း အောက်တွင် အံဝှက်ပြုလုပ်၍ သို ဝှက်သယ်ဆောင်လာသည့် အဝါ ရောင်တိပ်များပတ်လျက် ကျောက် စိမ်းအရိုင်းတုံးအရွယ်ဆိုက်စုံ စုစု ပေါင်း ၂၆၇တုံး စုစုပေါင်းအလေး ချိန် ၉၅၈ ကီလိုဂရမ်တို့ကို သက် သေများနှင့်အတူရှာဖွေတွေ့ရှိသဖြင့် သိမ်းဆည်း အရေးယူခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ၄င်းတို့ လေးဦးအား စစ်ဆေးမေး မြန်းရာ ၄င်းကျောက်စိမ်းအရိုင်းတုံး များသည် ဖားကန့်မြို့မှ မန္တလေး မြို့သို့ ပို့ဆောင်ရန်အတွက် သယ် ဆောင်လာခြင်းဖြစ်ကြောင်း စစ် ဆေးပေါ်ပေါက်သဖြင့် အင်းတော် မြို့မရဲစခန်းမှ ရဲလင်းထွန်း(ခ) သာရဲ(၃၆နှစ်) (ယာဉ်မောင်း) မင်း သာကျေးရွာ မော်လူးမြို့၊ အောင် ကြည်သောင်း(၃၂နှစ်) (ကျပန်း) မန္တလေးမြို့၊ အောင်ဇော်(၃၈နှစ်) (ယာဉ်မောင်း) ချမ်းမြသာစည်မြို့ နယ် မန္တလေးတိုင်းဒေသကြီးနှင့် ကျော်သူ(၃၄နှစ်)တောင်သူ ဝက် လူးအမှတ်(၁)ကျေးရွာနွားထိုးကြီး မြို့နယ် မန္တလေးတိုင်းဒေသကြီး နေသူတို့အား အင်းတော်မြို့မရဲ စခန်းမှ (ပ)၁၁၅/၂ဝ၁၉၊ မြန်မာ့ ကျောက်မျက်ရတနာဥပဒေပုဒ်မ ၅၁(က) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရ သည်။