images
UN
UN
မယ်စဲ့မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ဝတ်ရည်(မယ်စဲ့) Tuesday, 16 July 2019
ဘောလခဲခရိုင် မှုခင်းနှိမ်နင်း ရေးအဖွဲ့မှ ရဲအုပ်ဇော်မင်းနိုင်နှင့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက မယ်စဲ့မြို့နယ် မယ်ဆည်နမ်ကျေး ရွာအုပ်စု ကျောက်စုကျေးရွာနေ ဒေါ်ဘီ၏နေအိမ်ကိုဝင်ရောက်ရှာ ဖွေရာနေအိမ်ဧည့်ခန်းအတွင်း စားပွဲ ခုံပေါ်ရှိ အစိမ်းနုရောင်အိတ်အတွင်း မှ 777 တံဆိပ်ပါ အပြာရောင် ပလတ်စတစ်အိတ်ငါးအိတ်တွေ့ရ ပြီး အပြာရောင်ပလတ်စတစ်အိတ် လေးအိတ်အတွင်း WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား တစ်အိတ်လျှင် ဆေးပြား ၂ဝဝစီ ဖြင့် အပြား ၈ဝဝ၊ ကျန်ပလတ် စတစ်အိတ်အတွင်းမှဆေးပြား ၆ဝ၊ စုစုပေါင်းဆေးပြား ၈၆ဝ (၇၇ ဒသမ ၄)ဂရမ်၊ ငွေကျပ် ၂၁ဝဝဝ၊ HUAWE CROUOO မော်ဒယ် အနက်ရောင်ဟန်းဆက်တစ်လုံးနှင့် ဆင်းမ်ကတ်နှစ်ကတ်၊ ဒေါ်ဘီကိုင် တွယ်အသုံးပြုသော HUAWE CROUOO မော်ဒယ်အနက်ရောင် ဟန်းဆက်တစ်လုံးတို့အား သိမ်း ဆည်းရမိသဖြင့်၎င်းအား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေ သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က)/၂ဝ (က) တို့ဖြင့် အရေးယူထားကြောင်း သိရသည်။