images
UN
UN
တူနာငါးက ရင်သားကင်ဆာကို တားဆီးကာကွယ်ပေးနိုင်
KK(IR) Tuesday, 16 July 2019

အမေရိကန်သုတေသသနတစ်ခု အရတူနာငါးသည် ရင်သားကင် ဆာကို တားဆီးကာကွယ်ပေးနိုင် ပြီး ငါးစားသုံးခြင်းသည် ရင်သား ကင်ဆာဖြစ်နေသည့် အမျိုးသမီး များ၏ အသက်ရှင်သန်နိုင်မှုကိုပို၍ တိုးပွားစေနိုင်ကြောင်း သိရသည်။
ရင်သားကင်ဆာဖြစ်နေသည့် အမျိုးသမီး ၁၄ဝဝ အားစစ်တမ်း ကောက်ယူချက်အရ ငါးအစား များသည့် အမျိုးသမီးများသည် ငါးအစားနည်းသည့်အမျိုးသမီးများ ထက် အရွယ်မရောက်ခင် သေဆုံး နိုင်မှုနှုန်းသုံးဆလျော့နည်းကြောင်း သုတေသီများက ရှာဖွေတွေ့ရှိခဲ့ ခြင်းဖြစ်သည်။ သုတေသီများ သည် ရင်သားကင်ဆာရောဂါ ခံစားနေရသည့်မှာ သုံးလကြာမြင့် နေပြီဖြစ်သည့် ရောဂါဝေဒနာရှင် များအား အင်တာဗျူးပြီးနောက် ပျမ်းမျှအားဖြင့် အချိန် ၁၄ နှစ်နှင့် ခုနစ်လအကြာရောဂါစစ်ဆေး၊ စောင့်ကြည့်ခဲ့ကြခြင်းဖြစ်သည်။ ရလဒ်များအရ တူနာငါးအစိမ်း အများဆုံးစားသုံးသည့်အမျိုးသမီး များသည် မစားသုံးသူများထက် သေဆုံးနိုင်မှုအန္တရာယ် ၂၉ ရာခိုင် နှုန်းလျော့နည်းကြောင်းနှင့် အခြား သောငါးများအားချက်ပြုတ်၍ စား သုံးသူများသည် ၂၅ ရာခိုင်နှုန်း လျော့နည်းသည်ဟုသိရသည်။
အဆိုပါရလဒ်များကို Cancer ရောဂါဆိုင်ရာဂျာနယ်တွင်ဖော်ပြ ထားခြင်းဖြစ်သည်။ ယင်းသို့ဖြစ် ပွားရခြင်းသည် ငါးထဲတွင်ပါဝင် သည့်သွေးထဲတွင်ကိုလက်စထရော ဖြစ်ပေါ်မှုကိုအားမပေးသော polyunsaturated ဖက်တီးအက်စစ် သည်ရောင်ရမ်းမှုကို တိုက်ဖျက် သည့် အာနိသင်များရှိပြီး ကင်ဆာ ဆဲလ်ကြီးထွားမှုကိုလျော့နည်းစေ သည့်အာနိသင်ရှိသည့်အတွက်ဟု ယူဆရကြောင်းသိရသည်။ တူနာ ငါးအပြင် ဆာဒင်းငါး၊ ဆယ်လ်မွန် ငါးနှင့် အခြားသောအဆီများသည့် ငါးများသည်ရင်သားကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကိုလျှော့ချနိုင်ကြောင်း သိရသည်။ Ref: Daily Mail