images
UN
UN
မသင်္ကာ၍စစ်ဆေးရာမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
ဇင်မျိုးသူ(ပေါင်) Tuesday, 16 July 2019

ပေါင်မြို့နယ် မုတ္တမကျေးရွာ ဝါရီရူ(၂)ရပ်ကွက် မော်လမြိုင်-ရန်ကုန်ကားလမ်းဘေးရှိ''ကိုဘ လက်'' လက်ဖက်ရည်ဆိုင်ရှေ့ တွင် ရပ်နေသူလူငယ်တစ်ဦးကွျှို့ ဆေးပြားခုနစ်ပြားနှင့်အတူ မုတ္တမနယ်မြေရဲစခန်းမှ ဖမ်းဆီးရ မိထားကြောင်း သိရသည်။
ယမန်နေ့ည ၉ နာရီ ၃၅ မိနစ် တွင်မုတ္တမကျေးရွာ ရေးစုရပ်ကွက် လေသာညွန့်လမ်းနေသူ ထက်နိုင် အောင်(ခ)သားသား(၂၁နှစ်)အား ''ကိုဘလက်''လက်ဖက်ရည်ဆိုင် ရှေ့ရပ်နေစဉ် ၄င်း၏ယာဘက် လက်အတွင်းမှ ပန်းရောင်အအေး စုပ်ပိုက်ဖြင့်ထည့်ထားသော WY စာတန်းပါပန်းရောင်စိတ်ကြွေဆး ပြားခုနစ်ပြားကို ရှာဖွေတွေ့ရှိပြီး မူးယစ်ဆေးဝါးရောင်းချရာမှရရှိငွေ ဟုယူဆရသော ငွေကျပ် ၁၁ဝဝဝ ကိုလည်းရှာဖွေတွေ့ရှိခဲ့ပြီး မွန်ပြည် နယ်မှုခင်းအကူတပ်ဖွဲ့ခွဲမှုခင်းအကူ ဌာနစု တာဝန်ခံရဲအုပ်ထွန်းမင်း လတ်၊ ဒုရဲအုပ်ဇေယျာသိန်းနှင့် အဖွဲ့က ရပ်တန့်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါအမှုအား ဒုရဲအုပ်ဇေ ယျာသိန်းက တရားလိုပြုလုပ်တိုင် တန်းချက်အပေါ် မုတ္တမနယ်မြေ ရဲစခန်းမှ မယ(ပ)၅/၂ဝ၁၉မူးယစ် စိတ်ပြောင်းဥပဒေပုဒ်မ၁၆(ဂ)/၂ဝ (က)အရအမှုဖွင့်ထားကြောင်းသိရ သည်။ ပေါင်မြို့နယ်တွင် မူးယစ် ဆေးဝါးဖြင့်မုတ္တမတွင်ငါးမှုနှင့်ပေါင် မြို့မှခြောက်မှုစုစုပေါင်းမူးယစ်ဆေး ဝါး ဖမ်းဆီးရမိမှု ၁၁ မှုရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။