images
UN
UN
ကလေးသူငယ်ဥပဒေသာ အတည်ဖြစ်လာရင် ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံခြားသားတွေလွှမ်းမိုးတဲ့ ငရဲတွင်းရောက်တဲ့နိုင်ငံဖြစ်သွားတော့မယ် လွတ်လပ်တဲ့နိုင်ငံတစ်ခုရဲ့ဆွဲထားတဲ့ဥပဒေကို ကိုဖီအာနန်က ဟိုဟာပြင်ပါ ဒီဟာပြင်ပါလို့ပြောတာဟာ ကျွန်တော်တို့ရဲ့အချုပ်အခြာအာဏာကိုစော်ကားတာ
Tuesday, 16 July 2019
ကလေးသူငယ်ဥပဒေ ORCHID ရေနွေးကြမ်းဝိုင်းဆွေးနွေး ပွဲကို ဇူလိုင် ၁၄ ရက် နံနက် ၁ဝ နာရီကHome Of Orchid ၌ ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေး ပွဲတွင် Moderator အဖြစ် ဦးဌေး အောင်က ဆောင်ရွက်ခဲ့ပြီး အမျိုး သားဒီမိုကရေစီပါတီသစ် ပါတီ ဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုးသား နိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် ပါတီအထွေထွေအတွင်းရေးမှူး ဦးကျော်သူအောင်၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဗဟိုသုတေသန အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန် နောင်သိမ်း၊ ရန်ကုန်တိုင်းဒေသ ကြီးပြည်သူ့ပါတီအတွင်း ရေးမှူး ဦးရဲဝင်းထွဋ်၊ အဓမ္မဝါဒ ဆန့်ကျင် ရေးကော်မတီ မူဝါဒချ မှတ်သူကို မြတ်ကျော်၊ ရုပ်ရှင်သရုပ်ဆောင် ကိုဒေါင်းဝေ၊ အင်ကြင်းမေ ဟိန္ဒူ ပရဟိတအဖွဲ့Chair-Person ဒေါ်ကက်သလင်းသိန်းတို့ ပါဝင် ဆွေးနွေးခဲ့ကြသည်။
ယခုဆွေးနွေးပွဲ ဒုတိယပိုင်း ဆွေးနွေးမှုများမှ ဦးသိန်းညွန့်၏ ဆွေးနွေးမှုကို ဖော်ပြလိုက်ပါ သည်။
ဦးသိန်းညွန့်
ဥက္ကဋ္ဌ
အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ
အရင်ဆုံး ကျွန်တော် ဆွေးနွေး ချင်တဲ့ အချက်ကတော့ ခုနက ကိုကျော်သူအောင်လည်း ဆွေးနွေး ပြီးပြီ။ အခုချက်ချင်း နိုင်ငံသား မဖြစ်ပေမယ့် နိုင်ငံသားဖြစ်မှု လွယ် ကူအောင် လမ်းခင်းပေးလိုက်ပြီ။ နိုင်ငံသားတွေရဲ့ ရနိုင်တဲ့ ပစ္စည်း ဥစ္စာ ပိုင်ဆိုင်ခွင့် အခွင့်အရေးတွေ ကိုလည်း ထိပါးခံရတော့မယ်။ အခုပဲ အားလုံးသိတဲ့အတိုင်း ကျွန် တော်တို့ တိုင်းရင်းသားတွေပေါ့။ အားလုံးဟာ တကယ် နိုင်ငံခြား သားတွေ၊ နိုင်ငံခြားသားတွေနဲ့ နွယ်တဲ့ လူတွေနဲ့ စီးပွားရေး အခြေ အနေ ယှဉ်ကြည့်ရင် အားလုံး သဘောပေါက်တဲ့အတိုင်းပဲ။ ဒီနေ့ ကောင်းကောင်းစားနိုင်တာ ဘယ် သူလဲ။ ခုနက ပန်းရောင်းနေတဲ့ ကလေးတွေ ဘယ်သူလဲ။ လက် ဖက်ရည်ဆိုင်မှာလုပ်နေတဲ့ ကလေး တွေက ဘယ်သူတွေလဲ။ အဲဒီလူ တွေ မလုပ်ဘူး။ အဲဒီ့တော့ ခုနက ကလေးသူငယ် ဥပဒေမှာ အဲဒီ ကလေးတွေကို ကာကွယ်ဖို့ ဥပဒေ ပြဋ္ဌာန်းချက်တွေရှိတယ်။
လက် တွေ့ မလုပ်နိုင်တာတွေ အကောင် အထည် မဖော်နိုင်တာတွေကတော့ တစ်ပိုင်း ပြင်ဆင်ချက်တွေ လုပ်ဖို့ လိုတယ်။ အခုဥပဒေကို ကျွန်တော် တို့ ပြောနေတာ တခြားကြောင့် မဟုတ်ဘူး။ ဒီဥပဒေသာ အတည် ဖြစ်လာရင် ခုနက ဆင်းရဲတွင်း ရောက်နေတဲ့ ကျွန်တော်တို့ နိုင်ငံ ဟာ နိုင်ငံခြားသားတွေ လွှမ်းမိုးတဲ့ ငရဲတွင်းရောက်တဲ့နိုင်ငံ ဖြစ်သွား တော့မယ်။ ပြီးတော့ လွတ်လပ်တဲ့ နိုင်ငံတစ်ခုရဲ့ ဆွဲထားတဲ့ဥပဒေကို ကိုဖီအာနန်က ဟိုဟာ ပြင်ပါ။ ဒီဟာပြင်ပါ။ ဟိုလိုလုပ်ပါ။ ဒီဟာ လုပ်ပါလို့ ပြောတာဟာ ကျွန်တော် တို့ရဲ့ အချုပ်အခြာအာဏာကို စော် ကားတာ။ အဲ့လိုစော်ကားအောင် လမ်းဖွင့်ပေးခဲ့တဲ့သူကတော့ ထပ် ပြောမယ်။ သမိုင်းမှာ အရေးကြီး တယ်။ ဒီလို လမ်းဖွင့်ပေးသူက တော့ ဒေါ်အောင်ဆန်းစုကြည်ပဲ။ ဒါကြောင့်အခု ကျွန်တော်တို့ဟာ ဒီဥပဒေနဲ့ ပတ်သက်ရင် ဒီနေရာ ကနေ ကျွန်တော် တစ်ခုဆွေးနွေး ချင်တာက ဒါ အမျိုးသားလုံခြုံရေး ကို ထိလာတဲ့အတွက် အခြေခံ ဥပဒေအရ ဖွဲ့စည်းထားတဲ့ အမျိုး သား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီဟာ အမျိုးသားလုံခြုံရေးကို ထိပါးတဲ့ ဥပဒေတွေကို ပယ်ဖျက် တာ လုပ်လာတဲ့အထိ ခြေလှမ်း လှမ်းတာကိုတော့ ကာလုံအစည်း အဝေးကို တရားဝင် ခေါ်ဖို့ဟာ ကာလုံအဖွဲ့ဝင် အားလုံးမှာ တာဝန် ရှိတယ်။ ခင်ဗျားတို့ မလုပ်ရင် ခင်ဗျားတို့လည်း တစ်နေ့ သမိုင်း မှာ တာဝန်မကင်းတဲ့သူတွေ ဖြစ် သွားလိမ့်မယ်။ အခု တိုင်းပြည်ရဲ့ နောင်ရေးကို ကျွန်တော်တို့ ပြောတဲ့ အခါမှာ လူလူချင်းဆိုတာ ကျွန် တော် လက်ခံတယ်။ သို့သော် ကျွန်တော်တို့သည် လူလူချင်းဆိုပေ မဲ့ ကိုယ့်နိုင်ငံသားနဲ့ နိုင်ငံခြား သားကိုတော့ ကျွန်တော်တို့ အတိ အလင်းခွဲရမယ်။ ဒီနိုင်ငံကို ချစ်ရင် ဒီနိုင်ငံကို ကိုယ့်သားစဉ်မြေးဆက် လက်ထဲကို လွှဲချင်ရင် ကျွန်တော် တို့က နိုင်ငံသားနဲ့ နိုင်ငံခြားသား ကို ခွဲခြားဆက်ဆံခြင်း မပြုရဆိုတဲ့ အယူအဆကို ကျွန်တော် ဘယ် တော့မှလက်မခံဘူး။ အခု ကျွန်တော် တို့ရဲ့ မြန်မာနိုင်ငံသား ဥပဒေကို ကြည့် နိုင်ငံသားဆိုတာ ဘယ်သူ။ နိုင်ငံခြားသားဆိုတာ ဘယ်သူ။ အတိ အလင်းခွဲထားတာပဲ။ ၈၇ ပစ္စည်း လွှဲပြောင်းခြင်းဆို ပိုတောင် ပြတ် သားသေးတယ်။ နိုင်ငံသား၊ ဧည့် နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်မရသူ နိုင်ငံခြားသား အဲဒီ့အပြင် နိုင်ငံ သားအဖြစ် ရုပ်သိမ်းသူ ပယ်ဖျက်ခံ ရသူ နိုင်ငံသား။ ပြောလိုက်ရင် နိုင်ငံမဲ့ဆိုတဲ့ သူတွေဟာ လဝက ဥပဒေအရ ပြောရင်တော့ ပြစ်မှု ကျူးလွန်ထားတဲ့လူတွေပဲ။ အဲဒီ့ လူတွေကို ကျွန်တော်တို့က ကျွန် တော်တို့နိုင်ငံရဲ့ အကျိုးစီးပွား အတွက် ကျွန်တော်တို့ လက်မခံနိုင် ဘူး။ အဲဒီ့တော့ နိုင်ငံခြားသား တွေကို လက်ခံမယ့် နိုင်ငံခြားသား တွေကို ခုနက ပြောသလို လူလူ ချင်းကိုယ်ချင်းစာရင် သက်ဆိုင်ရာ ဘာသာတူ လူမျိုးတူ ယဉ်ကျေးမှု တူတဲ့ နိုင်ငံတွေက ခေါ်ယူလိုက် ပေါ့။
ဒါ သမ္မတ ဦးသိန်းစိန် ပြော ထားတဲ့စကားပါ။ ကျွန်တော်တို့က သွားခွင့်ပေးတာပဲ။ အဲဒီတော့ အခု ဒီမှာ ကျွန်တော်ပြောချင်တဲ့ ဒုတိယ အချက်က ကျွန်တော်တို့ ကြောက် တယ်ဆိုတာ အလကား ကြောက် တာ မဟုတ်ဘူး။ ကျွန်တော်တို့ ထိခဲ့ပြီးပြီ။ ကိုဖီအာနန် ကော် မရှင်အစီရင်ခံစာကို ကန့်ကွက် တယ်။ ဟာ ဒါအကြံပေးရုံပါ။ ကုလသမဂ္ဂလည်း ရောက်ရော ဒုတိယသမ္မတ ဗန်ထီးယူက ဒါ မြန်မာနိုင်ငံရဲ့Road Map ပါ ဆိုပြီးပြောခဲ့တယ်။ အခု အဲဒီဒဏ်နဲ့ အခုဖိနင်းမှု နိုင်ငံတကာ ဖိအားပဲ ခေါ်ခေါ် ကျွန်တော်တို့က ပြည်ပ စွက်ဖက်မှုပဲပြောမယ်။ အဲဒီဟာ တွေကို ကျွန်တော်တို့ ဒီနေ့ ခံနေ ရပြီ။ အခုလည်း ဒီ ဥပဒေကို ကျွန်တော်တို့ ဘာလို့ပြောလဲဆိုရင် ဒီဥပဒေမှာ ပါတယ်။ နောင်ပေါ် ပေါက်လာတဲ့ ပြဿနာ အားလုံး ကို အခု ဥပဒေကြမ်းမှာ ပါတဲ့ ဥပဒေကပဲဆုံးဖြတ်မှာ။ ကျွန်တော် တို့ ၇၃ စကားရပ်များ ဥပဒေ မှာလည်း ပါတယ်။ နောက်ကျတဲ့ ဥပဒေနဲ့ ရှေ့ကျတဲ့ဥပဒေ ခွဲရင် နောက်ကျတဲ့ ဥပဒေကို လိုက်နာ ရမယ်။ ဒီဟာတွေကို ကျွန်တော် တို့မြင်လို့ ဥပဒေကြောင်းအရ ထောက်ပြတယ်ဆိုတာ တစ်ချိန် တည်းမှာနိုင်ငံရေးက ကျွန်တော် တို့ အင်မတန်မှ စိုးရိမ်ပူပန်နေပါ တယ်။ ၂ဝ၅ဝမှာ မြန်မာတိုင်းရင်း သားတွေ ခုနက တိုင်းရင်းသား တွေဆိုတာ အားလုံး ပါပါတယ်။ အဲဒီ့ တိုင်းရင်းသားတွေ အကုန်လုံး ပျောက်ပြီးတော့ လူမျိုးခြားတွေ လွှမ်းမယ့်အခြေအနေကို ကျွန်တော် တို့ မြင်နေပြီ။ နောက် ကိုမျိုးရန် နောင်သိမ်း ပြောတဲ့အတွက် ကျွန် တော် နှစ်ချက်တော့ ပြန်ရှင်းချင်ပါ တယ်။တစ်ချက်က ဘာလဲဆိုတော့ သမိုင်းကိုကြည့်ပါ။ ဟုတ်တယ်။ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေဟာ သမိုင်းကိုကြည့်ခဲ့တယ်။ အင်္ဂလိပ် ကျွန် ဖြစ်ခဲ့တဲ့ ၁၈၂၃ ကစပြီးတော့ ဘင်္ဂါလီ ကုလားတွေ ဟိုဘက်က လူတွေဝင်လာပြီး အဲဒီဝင်လာတဲ့ လူတွေကို ကျွန်တော်တို့ရဲ့ ခုနက နိုင်ငံသားထဲမှာ စာရင်းရှုပ်လာမှာ ကြောက်လို့ ၁၈၂၃ ကစပြီးတော့ ကျွန်တော်တို့ ကန့်သတ်ခဲ့တာပဲ။ အဲဒီမှာ ခုနက ကိုမျိုးရန်နောင်သိမ်း ပြောသလို ဦးနေဝင်းရဲ့ ကောင်းတဲ့ အရည်အချင်းတွေမှာ ၁၉၈၂ မြန်မာ နိုင်ငံသား ဥပဒေကို ပြဋ္ဌာန်းခဲ့တာ ဟာ သူကျန်တဲ့ အားနည်းချက် တွေပေါ်မှာတောင် လွှမ်းမိုးသွား တယ်ဆိုတာကို တစ်နေ့ သမိုင်းက သက်သေပြမှာပါ။ အခု ကျွန်တော် တို့ သေရေးရှင်ရေးက တစ်ခုပဲ။ တိုင်းချစ် ပြည်ချစ်စိတ်နဲ့ ကျွန် တော်တို့ တိုင်းပြည်ကို နိုင်ငံခြား သားတွေရဲ့ရန်ကကာကွယ်မလား။ အခုပဲ နိုင်ငံရေး အကြံပေး ၉ဝ ကျော်ရှိနေပြီ။ ဒီအစိုးရ လက် ထက်မှာ။ အဲဒီအပြင် ခုနက ကျွန် တော်တို့ နိုင်ငံခြားသားတွေ လက် အောက်ကို အခုတောင် လည်မျို စင်းခံရတဲ့ အခြေအနေမျိုးရောက် တာတောင် သူတို့ရဲ့ အိမ်တွေမှာ ကျွန်စုတ်တဲ့ဘဝနဲ့ အလုပ်လုပ်နေ ရတဲ့ လူတွေဟာ မြန်မာတိုင်းရင်း သားတွေပါလို့ ကျွန်တော် ပြောချင် ပါတယ်။