images
UN
UN
အောင်လံမြို့နယ်တွင် H1N1 သံသယလူနာ ၁၁ ဦးတွေ့ရှိ ရာသီတုပ်ကွေးရောဂါ ပညာပေးလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်
သိန်းလွင်(အောင်လံ) Thursday, 18 July 2019
မကွေးတိုင်းဒေသကြီး အောင် လံမြို့နယ်တွင် H1N1 သံသယ လူနာ ၁၁ ဦးတွေ့ရှိရပြီး ရောဂါ ပိုးတွေ့ရှိသူ ခုနစ်ဦးအထိရှိလာပြီ ဖြစ်ရာ ရာသီတုပ်ကွေးရောဂါကြို တင်ကာကွယ်ရေးပညာပေးလုပ်ငန်း များကို တိုးမြှင့်ဆောင်ရွက်သည့် အစီအစဉ်အဖြစ် ပညာပေးဟော ပြောခြင်းနှင့် လက်ကမ်းစာစောင် ဝေငှခြင်းလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက လူစည်ကားရာနေရာ များဖြစ်သော ကန်ကြီးရပ်ကွက် လမ်းမတော်လမ်း၊ မြို့မဈေးကြီးရှေ့ နှင့် ဇေယျဝတီရပ်ကွက် ပြည်လမ်း ရွှေမိုးလက်ဖက်ရည်ဆိုင်ရှေ့တို့ တွင် စုပေါင်း၍ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့ နယ်ကုသရေးဦးစီးဌာနမှူး ဒေါက် တာမျိုးလွင်က ရာသီတုပ်ကွေး ရောဂါလက္ခဏာများနှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကိုဟော ပြောကာ လမ်းသွားလမ်းလာလုပ် သားပြည်သူများနှင့်ဈေးအတွင်းရှိ ဆိုင်များသို့ ပညာပေးလက်ကမ်း စာစောင်များကိုဝေငှကြခြင်းဖြစ် ပြီး ယင်းလှုပ်ရှားမှုကို မြို့နယ် အုပ်ချုပ်ရေးမှူးဦးဝင်းသန်းနှင့်အတူ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီး ဌာန၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည် သူ့အင်အားဦးစီးဌာနတို့မှ မြို့နယ် အဆင့်အရာရှိများနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးနှင့်ပရဟိတအသင်းများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ် ကြောင်း သိရသည်။