images
UN
UN
ပြည်တွင်းက ကလေးသူငယ်တွေရဲ့ အခွင့်အရေးကိုလိုလားလို့ပြည်သူတွေက ကန့်ကွက်တာ နိုင်ငံခြားသားတစ်ယောက်ဟာ မြန်မာပတ်စ်ပို့ကိုင်ပြီး မဲပေးမယ်ဆိုတာ စဉ်းစားစရာပါ
Thursday, 18 July 2019
ကလေးသူငယ်ဥပဒေ ORCHID ရေ နွေးကြမ်းဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၁၄ရက် နံနက် ၁ဝ နာရီကHome Of Orchid ၌ ကျင်းပခဲ့သည်။ အဆိုပါဆွေးနွေးပွဲတွင် Moderator အဖြစ် ဦးဌေးအောင်က ဆောင်ရွက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ ပါတီသစ် ပါတီဥက္ကဋ္ဌ ဦးသိန်းညွန့်၊ အမျိုး သားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်သူ အောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနအဖွဲ့အတွင်းရေးမှူး ဦးမျိုး ရန်နောင်သိမ်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ပါတီအတွင်းရေးမှူး ဦးရဲဝင်းထွဋ်၊ အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီ မူဝါဒချ မှတ်သူ ကိုမြတ်ကျော်၊ ရုပ်ရှင်သရုပ်ဆောင် ကိုဒေါင်းဝေ၊ အင်ကြင်းမေ ဟိန္ဒူပရဟိတ အဖွဲ့ Chair-Person ဒေါ်ကက်သလင်း သိန်းတို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။
ဒုတိယပိုင်းဆွေးနွေးမှုများအပြီး ဆွေး နွေးပွဲသို့တက်ရောက်လာသည့် ပရိသတ် များမှမေးမြန်းခဲ့မှုများကို ဖြေကြားမှုများ နှင့်အတူကောက်နုတ်ဖော်ပြအပ်ပါသည်။
ဒေါ်ယဉ်မင်းမြင့်ဆွေ
* ကျွန်မကတော့ ဦးမျိုးရန်နောင်သိမ်း ကို မေးချင်ပါတယ်။ ဘာကြောင့်လဲ
ဆိုတော့ ဆရာ့အနေနဲ့က သုတေသနအဖွဲ့ မှာ အတွင်းရေးမှူးလည်း ဖြစ်နေတော့ အချက်အလက်တွေလည်း တော်တော်ပြည့် ပြည့်စုံစုံ ဗဟုသုတတွေလည်း ကျယ်ပြန့် တယ်လို့ယူဆလို့မေးတာပါ။ ကျွန်မသိချင် တာက ဒီမွေးစားခွင့်ပြုတဲ့ပုဒ်မပေါ့။ ဒီ ကလေးသူငယ်ဥပဒေမူကြမ်းက မွေးစား ခွင့်ပြုတဲ့ပုဒ်မဟာ စစ်ဘေးရှောင် ကလေး တွေအတွက် ရည်ရွယ်တယ်လို့ အစိုးရ တာဝန်ရှိသူတွေနဲ့ ဒီအာဏာရပါတီက ပြောနေတာတွေရှိပါတယ်။ ဒီဥပဒေ မူကြမ်းတစ်ခုလုံးမှာ ဒီစစ်ဘေးရှောင် ဆိုတဲ့ စကားတစ်လုံးမှ မပါတာဟာ ဘာ ကြောင့် ဖြစ်နိုင်သလဲပေါ့နော်။ အဲဒါလေး တစ်ခု၊ နောက်မေးခွန်းလေးတစ်ခုလည်း မေးချင်ပါတယ်။ သမ္မတရုံး ပြောရေးဆို ခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ဒီသတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်က ပုဒ်မ-၃၂(ခ)မှာ အခြားအခွင့်အရေးဆိုတာ က ပညာရေး၊ ကျန်းမာရေးကို ရည်ရွယ် ပြီး ပြောတယ်လို့ဆိုပေမယ့် ဥပဒေမှာတော့ စကားလုံး၊ စကားရပ် အတိအကျ ပါထား တာမရှိပါဘူး။ ဒါကရောပြည့်စုံတဲ့ ဥပဒေ လို့ ပြောလို့ရပါသလားရှင့်။
ဦးမျိုးရန်နောင်သိမ်း
အတွင်းရေးမှူး၊ ဗဟိုသုတေသနအဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
* ဒီဥပဒေနဲ့ပတ်သက်ပြီး ပြောဆိုဆွေး နွေးနေတာတွေကြားပါတယ်။ ချို့ယွင်း
ချက်တွေအများကြီးရှိနေပါတယ်။
ဦးသိမ်းကြည်
* မေးချင်တာ သုံး၊ လေးယောက်ရှိ တယ်။ တစ်ပြိုင်တည်းပဲ ကျွန်တော်
မေးပေးမယ်။ တစ်မိနစ်အတွင်းဝင်အောင် ပေါ့။ ဆရာပြောသွားတာက အင်မတန် ကြီးကျယ်တဲ့ သုတေသနဌာနဆိုတော့ ကျွမ်းလည်း ကျွမ်းကျင်ပါတယ်။ ဒါ ကြောင့် ကျွန်တော် တစ်ချက်ပါပဲ။ အဲဒီ တော့ သမ္မတကြီးဦးဝင်းမြင့် တက်လာတဲ့ အချိန်မှာ ဆရာပြောတယ်လေ။ ဘင်္ဂါလီ အခုဖြစ်နေတဲ့ကိစ္စက ကြာပြီတဲ့။ အဲဒီ ကြာတဲ့ကိစ္စရပ်မှာ Bengal Law အမျိုး ပျက်ယွင်းတယ်။ ကင်းတယ်ဆိုတဲ့ဟာ ကောင်းတယ်လေ။Bengal Law? Bengal Law။ ဖျက်ခဲ့တဲ့ဟာ။ အဲဒီဟာကို ဆရာ က ကျယ်ကျယ်ပြန့်ပြန့် သိတယ်ဆိုရင် သိရင်ရှင်းပြပါ။ မသိရင်လည်း မရှင်း နဲ့ ကိစ္စမရှိဘူး ရတယ်။ မကြားဖူးဘူး မလား။ ကိစ္စမရှိဘူးရပြီ။ အဲဒါဆို ကျွန် တော် သဘောပေါက်သွားပြီ။ တော်ပြီ။ ရပြီ။ နောက်တစ်ခု ဆရာမကို ကျွန်တော် နည်းနည်းမေးချင်တယ်။ ဟိုဆရာကိုလည်း ပြောချင်တယ်။ ခွဲခြားဆက်ဆံတယ်။ ခွဲခြားဆက်ဆံတယ်ဆိုတဲ့ ကိစ္စရပ်လေး ခဏထားပါ။ ဟိန္ဒူမှာ သားမွေးရင်ဘယ်လို သမီးမွေးရင်ဘယ်လို ခွဲခြားတဲ့စနစ်ရှိ မရှိ။ ဒါ ကျွန်တော်မသိလို့ မေးတာနော်။ ရိုးရိုး သားသား၊ နောက်တစ်ချက် ကမ္ဘာပေါ်မှာ ခွဲခြားဆက်ဆံဖို့ လူတန်းစား လေးမျိုးရှိ တယ်။


ဇာတိ ဝါဒ၊ ဗြဟ္မဏ၊ ခတ္ထိယ၊ ဝေဿ၊ သုဒ္ဓ ဒီလေးမျိုး ရှိတယ်။ ဗြဟ္မဏ ဆိုတာတော့ ပါးစပ်ကမွေးတယ်။ စစ်သား ဆိုတာက လက်မောင်းက မွေးတယ်။ ကုန် သည်ဆိုတာ ဗိုက်ကမွေးတယ်။ သုဒ္ဓဆိုတဲ့ အလုပ်သမားတွေကတော့ ခြေထောက်က မွေးတယ်။ ခွဲခြားထားတယ်။ အဲဒါလေးကို ရှင်းပြပေးပါ။ဆရာဦးမြတ်ကျော် ခင်ဗျားက ခွဲခြားဆက်ဆံတဲ့ဟာမကြိုက်လို့။ တစ်ချက် မေးချင်တယ်။ ရဲတွေလုပ်ပိုင်ခွင့်မရှိအောင် အစိုးရကပယ်ဖျက်တဲ့ဥပဒေ။ နယ်ခြားစောင့် ဥပဒေမရှိတော့ဘူး။ နောက်တစ်ချက်က ဧည့်စာရင်းဥပဒေမရှိတော့ဘူး။ မသင်္ကာတဲ့ သူကို နောက်ယောင်ခံမလိုက်ရဘူးဆိုပြီး ဥပဒေတွေကို ပယ်ဖျက်တယ်။ အကယ်၍ ဦးမြတ်ကျော်ဆိုရင် ဖော်ထုတ်ဖို့ ပြည်သူ့ ရဲကို လုပ်ပိုင်ခွင့်ရှိဖို့ ဘယ်လိုလုပ်မလဲ။ ဒါလေး ဖြေပေးပါ။
ဒေါ်ကက်သလင်းသိန်း
Chair-Person
အင်ကြင်းမေဟိန္ဒူပရဟိတအဖွဲ့
* ဟိန္ဒူဘာသာမှာက အမျိုးသမီးနဲ့အမျိုး သား တန်းတူအခွင့်အရေးရှိပါတယ်။
ခွဲခြားဆက်ဆံတယ်ဆိုတာ လူတွေ၊ မိဘ တွေကနေ ခွဲခြားဆက်ဆံတာ နောက်ပိုင်း ဖြစ်တဲ့ကဏ္ဍတစ်ခုပါ။ အမှန်ကတော့ လူတန်းစားလေးရပ် ခွဲခြားတယ်ဆိုတာ အိန္ဒိယမှမဟုတ်ပါဘူး။နိုင်ငံပေါင်းစုံလည်း ရှိသလို ဒေသပေါင်းစုံလည်းရှိပါတယ်။ ခွဲခြားဆက်ဆံမှုဆိုတာ နိုင်ငံတိုင်းမှာရှိပါ တယ်။

ကိုမြတ်ကျော်
=========
မူဝါဒချမှတ်သူ
အဓမ္မဝါဒဆန့်ကျင်ရေးကော်မတီ
* ကျွန်တော့်ကိုမေးတဲ့ ခွဲခြားဆက်ဆံ တာကိုဘာကြောင့်သဘောမတူဘူးလဲ
ဆိုတော့ ကျွန်တော်မီ သလောက်ပြောမယ် ပေါ့။ ဧည့်စာရင်းဥပဒေပယ်ဖျက်လိုက်လို့ ရဲက လုပ်ပိုင်ခွင့်မရှိတော့ဘူး။ နောက် ယောင်ခံလိုက်လို့ မရတော့ဘူး။ ကျန်တဲ့ ကျန်တဲ့ ဥပဒေတွေကြောင့် ရဲက လုပ်ပိုင် ခွင့် မရှိတော့ဘူး။ အန်ကယ်က ထင်တာ လား။

ဦးမျိုးရန်နောင်သိမ်း
=============
အတွင်းရေးမှူး၊ ဗဟိုသုတေသနအဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
* ဟုတ်ကဲ့။ အန်ကယ် အဓိကက အသံထွက် ပြဿနာပါ။ အဲဒီတော့
မျိုးဆက်ပျက်ယွင်းခြင်းဆိုတာက တစ်ဦး ချင်းစံနှုန်းနဲ့အများကြီးဆိုင်ပါတယ်။ ဥပဒေ နဲ့ ထိန်းရမယ်ဆိုရင်လည်းထိန်းပေါ့ဗျာ။ အဲဒါဆိုရင်တော့ဥပဒေဖျက်တာ မှားတယ် ပေါ့။ ဥပဒေနဲ့မထိန်းဘဲနဲ့ ဆက်ရှိလို့ရမယ် ဆိုရင်လည်းပဲ ဒီနိုင်ငံက လူတွေက မြင့်မြတ် တဲ့သူတွေပါ။ လူတစ်ဦးချင်းစီရဲ့ အသိနဲ့Óဏ်ပညာခံယူချက်နဲ့ ဆိုင်ပါ တယ်။ဟုတ်ပြီ။ ဖျက်သိမ်းလိုက်တဲ့ ဥပဒေ ကျွန်တော် သဘောမတူတဲ့ ဥပဒေတစ်ခုပဲ ရှိတယ်။ သန်းခေါင်စာရင်းဥပဒေ။ သန်း ခေါင်စာရင်း ဥပဒေ ဖျက်သိမ်းလိုက်တဲ့ အတွက်ကြောင့် လူဦးရေ စစ်ရတာရော၊ လုံခြုံရေးရော ချိုးဖောက်မှုရှိတယ်လို့ ခံစားရတယ်။ ကျွန်တော်ကိုယ်တိုင် ဒီစည် ပင် ရွေးကောက်ပွဲကို တောက်လျှောက် စောင့်ကြည့်တဲ့အခါမှာ သန်းခေါင်စာရင်း ဥပဒေသည် နောက်ဆုံး ဆယ်အိမ်မှူးအထိ တောင်မသိတော့ဘူးပေါ့။
ဦးမောင်မောင်အောင်
===============
* အခု ကျွန်တော်သိချင်တာလေးတစ်ခု ရှိတယ်။ ထောက်ခံတဲ့သူလည်းရှိတယ်။
ကန့်ကွက်တဲ့သူလည်း ရှိတယ်။ ဒါက ဒီမိုကရေစီပဲ။ သူတို့ရဲ့ ပြောပိုင်ခွင့်၊ လုပ် ပိုင်ခွင့်၊ လွတ်လပ်စွာ တွေးခေါ်ပြောပိုင် ခွင့်ရှိတဲ့အတွက်ပေါ့လေ။ ဒါပေမဲ့ ကျွန် တော်ပြောမယ့်အချက်က ရှေ့ကိုဖြစ်လာ မယ့်ကိစ္စတွေ ကျွန်တော်ပြောပြမယ်။ အခု ကျွန်တော်တို့ကBirth Certificate ဆိုတာ ရှိတယ်။ သေသွားတဲ့အခါမှာDeath Certificate ဆိုတာရှိတယ်။ ဒါမထူးဆန်းဘူး။ လူတိုင်း ဟိုးကတည်းက လုပ်နေရတာ။ ကျွန်တော်တို့နိုင်ငံမှာ ခရီးသွားဟန်လွှဲရင်း ပေါ့ဗျာ။ နိုင်ငံခြားသားရှိမယ်။ မွေးလာ ရင် သူတို့ကိုBirth Certificate ထုတ်ပေး တယ်။ ဒါက ကျွန်တော်တို့ နိုင်ငံသားနဲ့ မဆိုင်ဘူး။ ကျွန်တော်ကလည်း နိုင်ငံခြား မှာ မွေးခဲ့ရင်Birth Certificate ရမယ်။ အဆိုတော်တွေ၊ ရုပ်ရှင်မင်းသား၊ မင်းသမီး တွေ မြန်မာပြည်မှာ မွေးသွားတာ အများ ကြီးရှိတယ်။ ဒါ နိုင်ငံသားနဲ့မဆိုင်ဘူး။ အခုဟာက ကျွန်တော်တို့က တိုင်းရင်းသား မဟုတ်တဲ့ ကလေးတွေကိုမွေးမယ်။ လူမျိုး ခြားတွေပေါ့။ အဲဒီအခါမှာ သူတို့ကိုတန်းတူ အခွင့်အရေးပေးမယ်ဆိုတာပါလာတယ်။ ပါလာတော့ သူတို့ကျောင်းတွေဘာတွေ ထားဖို့အတွက်ဆိုရင် မှတ်ပုံတင်လုပ်ရ တော့မယ်။ မှတ်ပုံတင်မှာ ဆရာတို့ သိပါ တယ်။ လူမျိုးဆိုတဲ့အကွက်မှာ ဗမာဆိုတာ ပါမယ်။ ရခိုင်၊ ကရင်၊ ရှမ်း ပါတယ်။ မြန်မာအနေနဲ့လုံးဝမပါဘူး။ ဒါသူရဲ့ တိုင်း ရင်းသားပေါ့လေ။ ဒါပေမဲ့ ဘာထူးခြား သွားလဲဆိုတော့ ကျွန်တော်တို့ နိုင်ငံကူး လက်မှတ်ကျတော့ အဲဒီမှာကရင်ပတ်စ်ပို့ ဆိုတာမရှိဘူး။ ရခိုင်ပတ်စ်ပို့ဆိုတာမရှိဘူး။ ဗမာပတ်စ်ပို့ဆိုတာလည်းမရှိဘူး။ မြန်မာ ပတ်စ်ပို့ပဲရှိတယ်။ အဲဒီတော့ အခုမွေးစား ထားတဲ့ နိုင်ငံခြားသားကလေးက နိုင်ငံ ခြားကို ထွက်သွားမယ်ဆိုရင် ဆိုက်ကား စီးသွားလို့လည်း မရဘူး။ လေယာဉ်ပျံနဲ့ သွားရမှာ။ ပတ်စ်ပို့လျှောက်ရတော့မယ်။ အဲဒီအခါ ထုတ်ပေးတဲ့ပတ်စ်ပို့မှာ မြန်မာ ပတ်စ်ပို့ပဲဖြစ်ရမယ်။ ကုလားဖြစ်ရင်လည်း ဖြစ်မယ်။ တရုတ်ဖြစ်ရင်လည်း ဖြစ်မယ်။ အဲဒီတော့ ဒီပတ်စ်ပို့ရှိတဲ့သူက အသက် (၁၈)နှစ်ပြည့်သွားတဲ့အချိန်မှာ နိုင်ငံခြား သံရုံးမှာ မဲပေးမယ်။ မြန်မာသံရုံးမှာပေါ့။ ကျွန်တော်တို့ထွက်သွားတဲ့သူတွေက ဘယ် တော့မှ မှတ်ပုံတင်ယူသွားတာ ထုံးစံမရှိ ပါဘူး။ ပတ်စ်ပို့နဲ့ပဲသွားတာပါ။ သံရုံးတွေ ကိုလည်း ကျွန်တော် စုံစမ်းကြည့်တယ်။ မြန်မာပတ်စ်ပို့ဆိုတာနဲ့ တရုတ်ပဲဖြစ်ဖြစ်၊ ကုလားပဲဖြစ်ဖြစ် မဲပေးခွင့်ပေးလိုက်တယ်။ အဲဒီအခါကျတော့ တရုတ်ကြီးက မြန်မာ ပတ်စ်ပို့ကို ကိုင်ထားပြီးတော့ နိုင်ငံခြား သားပေါ့ဗျာ။ ကုလားကြီးက မြန်မာ ပတ်စ်ပို့ကို ကိုင်ထားပြီးတော့ မဲပေးမယ်။ အဲဒီတော့ ဘာဖြစ်လာမလဲဆိုတော့ နိုင်ငံ ခြားသားတစ်ယောက်ဟာ မြန်မာပတ်စ်ပို့ ကိုင်ပြီး မဲပေးမယ်ဆိုတာစဉ်းစားစရာကြီး ပေါ့။ ဆွေးနွေးတာပါ။

ဒေါ်မြင့်မြင့်မော်
==========
* ဦးဆုံးမေးချင်တာက ယနေ့ကလေး သူငယ်အခွင့်အရေးကို ယနေ့ ပြည်သူ
တွေ ကန့်ကွက်နေတယ်။ အဲဒီပြည်သူတွေက ပြည်တွင်းမှာရှိတဲ့ ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို လိုလားလို့ ကန့်ကွက်နေ တယ်လို့ ထင်တယ်။ ဆရာကြီးကရော ဘယ်လို ထင်လို့ပါလဲ။ နောက်တစ်ခု ကလေးသူငယ်အခွင့်အရေးရဲ့မွေးစားခြင်း ဆိုင်ရာပုဒ်မအရ ကျွန်မတို့ မြန်မာနိုင်ငံကို နိုင်ငံခြားသားတွေ အရှိန်အဟုန်နဲ့ ဝင် ရောက်လာရင် အဲလိုမျိုးဝင်ရောက်မလာ အောင် ဘယ်လိုဥပဒေတွေထုတ်ပြီးတော့ ကာကွယ်သင့်သလဲ။ ဥပဒေထုတ်တာက ကြာတယ်။ တစ်ခါတည်း အဲဒီပုဒ်မကို ဖျက်သိမ်းလိုက်ရင်ရော မကောင်းဘူးလား။ နောက်ဆုံးမေးချင်တာက မွေးစားခံရတဲ့ သူက မွေးစားတဲ့ မိဘရဲ့ဥပဒေဓလေ့ထုံးစံ အရ အမွေဆက်ခံခွင့်အပြင် အခြားသော အခွင့်အရေးများရတယ်လို့ပါတယ်။ အဲဒီ ပုဒ်မဟာ အခြားသော အခွင့်အရေးဆိုတာ နိုင်ငံသားဖြစ်ခွင့်ရော၊ အရွေးချယ်ခံပိုင် ခွင့်ရော၊ ရွေးချယ်ခွင့်ရောပါသွားတယ်လို့ ထင်တဲ့အတွက် အဲဒီပုဒ်မ ဆရာကြီးဆိုရင် ရော မဖြုတ်ချင်ဘူးလား။ ကျွန်မဖြုတ်ချင် တယ်။ နောက်ဆုံး တစ်ခုမေးချင်တာက ကျွန်မတို့ အခုရောက်နေတဲ့ မြန်မာနိုင်ငံ သားအားလုံး ကျွန်မပြောတဲ့ မြန်မာနိုင်ငံ သားဆိုတာ ဗုဒ္ဓဘာသာတစ်ခုတည်း ပြော တာမဟုတ်ဘူး။ ကျွန်မတို့နိုင်ငံမှာ နိုင်ငံ သားအားလုံး ဘာသာကြီးလေးဘာသာလုံး ပါတယ်။ အဲဒီဘာသာကြီးလေးဘာသာ လုံးက နိုင်ငံခြားသားတွေ အရှိန်အဟုန်နဲ့ ဝင်လာနိုင်တဲ့ ဒီဥပဒေကို၊ ဒီဥပဒေရဲ့ ခြွင်း ချက်ကို မကာကွယ်သင့်ဘူးလား။ ဒါလေး ဖြေပေးပါရှင်။