images
UN
UN
ထားဝယ်မြို့နယ်တွင် ၁၄ နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်ဆိုသည့်အမှု ပုဒ်မနှစ်ခုဖြင့် တရားစွဲ
Dawei Watch Friday, 19 July 2019

ထားဝယ်မြို့တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အားအဓမ္မပြုကျင့်သည်ဆိုသည့်အမှုကို ယခုလ ၁၇ရက်က ထားဝယ်ခရိုင် တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ နှစ်ခုဖြင့်စတင်တရားစွဲဆိုခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။
ထားဝယ်မြို့ အိုးလုပ်ရပ်ကွက် တွင် ယခုလ ၁၅ရက်က အသက် ၁၄နှစ်အရွယ်ရှိ မိန်းကလေးကို အသက် ၅၄နှစ်အရွယ်ရှိ အမျိုး သားက မိန်းကလေးငယ် နေထိုင် သည့်အိမ်အောက်တွင်အဓမ္မပြုကျင့် ခဲ့သည်ဆိုသည့်အမှုဖြစ်သည်။
လက်ရှိတွင်အဓမ္မပြုကျင့်သည် ဆိုသည့် အမျိုးသားကို ရာဇသတ် ကြီးပုဒ်မ-၃၇၆ (မုဒိမ်းမှု)၊ ၃၆၃ (လူခိုးမှု)တို့ဖြင့် တရားစွဲတင်ခဲ့ ကြောင်း အထက်ပါတရားရုံးထံမှ သိရသည်။
အဆိုအမှုကို ထားဝယ်ခရိုင် တရားရုံးက ရာကြီးမှုအမှတ်-၇၆ /၂ဝ၁၉ ဖြင့် လက်ခံစစ်ဆေးမည် ဖြစ်သည်။
အမှုကိုစစ်ဆေးရန် ယခုလ ၃၁ ရက်ကို ပြန်လည်ချိန်းဆိုထားပြီး စွပ်စွဲခံရသူဘက်မှ ရှေ့နေကိုယ်စား လှယ်လွှဲမည်ဖြစ်ကြောင်းထားဝယ် ခရိုင်တရားသူကြီးက ပြောသည်။
''စွပ်စွဲခံရသူကရှေ့နေငှားရမ်း လိုကြောင်းတင်ပြလို့ နောက်ရုံးချိန်း မှာရှေ့နေပါဝါ(ကိုယ်စားလှယ်လွှဲ) တင်ဖို့ချိန်းထားတာ''ဟုခရိုင်တရား သူကြီးက ပြောသည်။
အဓမ္မပြုကျင့်ခဲ့သည်ဆိုသည့် ဖြစ်စဉ်မှာ အသက် ၆၂နှစ်အရွယ်ရှိ အုပ်ထိန်းသူ အမျိုးသမီးကြီးက နံနက် ၅နာရီခွဲဝန်းကျင်တွင် နေအိမ် အပေါ်ထပ်၌မုန့်လုပ်နေစဉ်အထက် ပါမိန်းကလေးငယ်က အိမ်အောက် တွင် အုန်းသီးခွဲနေကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြထားသည်။
ထိုစဉ် အုပ်ထိန်းသူအမျိုးသမီး ကြီးက အဆိုပါမိန်းကလေးကိုလှမ်း ခေါ်ရာ ပြန်မထူးသဖြင့် နေအိမ် အောက်သို့ဆင်းကြည့်ရာမိန်းကလး ငယ်၏အနီးတွင် ငွေကျပ်နှစ်ထောင် ကိုတွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။
ငွေကျပ်နှစ်ထောင်တွေ့ရှိခြင်းနှင့် ပတ်သက်၍ အဆိုပါမိန်းကလေး ငယ်ကိုမေးမြန်းရာ အသက် ၅၄နှစ် အရွယ်ရှိ အထက်ပါအမျိုးသားက ပေးခဲ့သည်ဟုပြောကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြသည်။ အထက် ပါအမျိုးသားက ငွေကျပ်နှစ် ထောင်ပေးရသည့်အကြောင်းအရင်း ကို အုပ်ထိန်းသူက မိန်းကလေး ငယ်အားမေးမြန်းရာ ¤င်းအုန်းသီးခွဲ နေစဉ် အသက် ၅၄နှစ်အရွယ်ရှိ အဆိုပါအမျိုးသားက ရောက်ရှိလာ ပြီး ပါးစပ်ကိုပိတ်ကာအဓမ္မပြုကျင့် ခဲ့ပြီး ငွေကျပ်နှစ်ထောင်ပေးခဲ့သည် ဟုပြောဆိုကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ယခုနှစ်မေလအတွင်းကလည်း အခင်းဖြစ်သည့် နေအိမ်အရှေ့ရှိ အဆိုပါအမျိုးသားပိုင် ကားဂိုဒေါင် အတွင်း နှစ်ကြိမ်မုဒိမ်းပြုကျင့်ခဲ့ဖူး သည်ဟုမိန်းကလေးကိုအကြိမ်ကြိမ် မေးမြန်းချိန်တွင်လည်း အထက်ပါ အတိုင်းသာပြောကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြသည်။
မုဒိမ်းပြုကျင့်ခံရသည်ဆိုသည့် မိန်းကလေးအိမ်နှင့် ကျူးလွန်ခဲ့ သည်ဆိုသည့် အမျိုးသား၏ ကား ဂိုဒေါင်က မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။