images
UN
UN
ကသာ-အင်းတော်ကားလမ်းတွင် ကျပ်သိန်း ၃၃ဝ တန်ဖိုးရှိ ဘိန်းဖြူများသယ်ဆောင်လာသူဖမ်းမိ
ဆိုင်ကလုန်း Friday, 19 July 2019

စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင် ကသာ-အင်းတော်ကားလမ်း မိုင်တိုင်အမှတ်(၉) အနီးတွင် ယမန်နေ့ နံနက် ၁ဝ နာရီက မူးယစ်တပ်ဖွဲ့(၆)ကသာအဖွဲ့က ဆိုင်ကယ်စီးနင်း လာသူတစ်ဦးထံရှာဖွေရာ မူးယစ်ဆေးဝါးဘိန်းဖြူရောင်စုံဆပ်ပြာခွက် ၃၃ ခွက် ၃၃ဝ ဂရမ် ကာလတန်ဖိုးငွေကျပ်သိန်း ၃၃ဝ တန်ဖိုးခန့်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့နံနက် ၁ဝ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု(၆)ကသာမှ ရဲအုပ်ဖြိုးဝေကျော်အဖွဲ့သည် သက်သေများနှင့်အတူ မူးယစ်ဆေးဝါး သတင်းအရ ကသာ-အင်းတော်သွားကားလမ်းမိုင်တိုင်အမှတ်(၉)အနီးတွင် စောင့်ဆိုင်း နေစဉ် ကသာမြို့ဘက်မှ အင်းတော်မြို့ဘက်သို့ ကံကောင်း(ခ)ဇော်မင်းမောင်းနှင်လာသောKENBO-125 အစိမ်းရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ¤င်းဆိုင်ကယ်ဖင်ထိုင်ခုံနောက်တွင်ကြိုးဖြင့်ချည်၍ တင်ဆောင်လာ သော TJBOLO တံဆိပ်ပါ အနက်ရောင်အိတ်အတွင်း ရှာဖွေစဉ် ထွက်ပြေးခဲ့ပြီး လုံးထွေးဖမ်းဆီး၍ ဆက်လက်ရှာဖွေရာ မူးယစ်ဆေး ဝါး ဘိန်းဖြူဟုယူဆရသော ဖြူ/ဝါရောင်အမှုန့်ရောင်စုံ ဆပ်ပြာခွက် တစ်ခွက်လျှင် အလေးချိန် ၁ဝ ဂရမ်ခန့်စီပါ ၃၃ ခွက် စုစုပေါင်း အလေးချိန် ၃၃ဝ ဂရမ်ခန့် စုစုပေါင်းကာလတန်ဖိုးကျပ်သိန်း ၃၃ဝ တို့ကို ရှာဖွေတွေ့ရှိသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
ဖြစ်စဉ်ကြောင့် မူးယစ်ဆေးဝါးများကို လက်ဝယ်တွေ့ရှိသူ ကံ ကောင်း(ခ)ဇော်မင်း (၃၂နှစ်) ငါးပတ်ကြီးရွာရွှေကူမြို့နယ်နေသူအား ကသာမြို့မရဲစခန်းမှ မယ(ပ)၆ဝ/ ၂ဝ၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။