images
UN
UN
မင်းဘူးမြို့တွင် မှုခင်းပညာပေးယာဉ်ဖြင့် အသိပညာပေးခြင်းများဆောင်ရွက်
မျိုးမြတ်(မင်းဘူး) Saturday, 20 July 2019
ကျောင်းသားကျောင်းသူများ မူးယစ် ဆေးဝါးသုံးစွဲမှုမရှိစေရန်နှင့်မှုခင်းများလျော့ နည်းကျဆင်းစေရန်ရည်ရွယ်၍ မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့ အမှတ်(၃)ရပ်ကွက် ပညာအလင်းရောင်ကိုယ်ပိုင်အထက်တန်း ကျောင်းဝင်းတွင် ယနေ့နံနက်ပိုင်းက မှုခင်း ပညာပေးယာဉ်ဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့မှုခင်းအသိပညာပေးယာဉ်ဖြင့်အသိ ပညာပေးဟောပြောရာတွင်အမှတ်(၁၅)မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မကွေး မှ ယာယီရဲမှူးသန့်ဇင်က မူးယစ်ဆေးဝါးနှင့် စိတ်ြ<ွကဆေးပြားအမျိုးအစားများနှင့် မူးယစ် ဆေးဝါးသုံးစွဲခြင်းဆိုးကျိုးများကို ရှင်းလင်း ပြောကြားခဲ့ပြီး မင်းဘူးမြို့မရဲစခန်းမှူး ဒုရဲ မှူးမြင့်ဇော်ကသက်ငယ်မုဒိမ်းမှုဖြစ်ပွားရခြင်း အကြောင်းအရင်းများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ မိဘအုပ်ထိန်းသူများအနေဖြင့်ဆောင်ရန် ရှောင်ရန်အချက်များကို ရှင်းလင်းပြောကြား ခဲ့သည်။
ဆက်လက်၍ အမှတ်(၁၈)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး မောင်မောင်သန်းက ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက် ၍ အသိပညာပေးရှင်းလင်းဟောပြောခဲ့ပြီး အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု မကွေးမှရဲအုပ်ဥက္ကာသွင်ကလူကုန် ကူးမှုအန္တရာယ်များနှင့် လူကုန်ကူးမှုမခံရစေ ရေး သိသင့်သိထိုက်သည်များကိုရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် လာရောက်လေ့လာကြသည့် ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူ များကမှုခင်းပညာပေးယာဉ်ပေါ်ရှိမှုခင်းလျော့ နည်းကျဆင်းရေးဆိုင်ရာအသိပညာပေး နံရံ ကပ်စာစောင်များ၊ မူးယစ်ဆေးဝါးတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ် စာစောင်များ၊ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ကို လေ့လာကြည့်ရှုခဲ့ကြပြီး သိရှိလိုသည် များကို မေးမြန်းခဲ့ကြသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ လာရောက်ကြသူများအားတာဝန်ရှိသူများ က မှုခင်းလျော့နည်းကျဆင်းရေး အသိ ပညာပေးလက်ကမ်းစာစောင်များနှင့် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။